"ညီငြိမ်းစေ၊"
အောက်ထပ်မှပေါ်လာသော ခပ်တင်းတင်းအသံကြောင့် ညီငြိမ်းစေတို့သိလိုက်ပြီ။မောင်တော့ဒေါသထွက်နေပြီထင်ပါရဲ့။ညီငြိမ်းစေတစ်ယောက်ဘုရားတကာ အောက်ထပ်သို့ဆင်းလာလိုက်လျှင် ဧည့်ခန်းထဲတွင်ထိုင်နေသောမောင့်ကိုတွေ့လိုက်ရလေသည်။မောင်သည် ဆိုဖာပေါ်တွင် ဒူးချိတ်ကာထိုင်နေခြင်းဖြစ်ပြီး လက်ထဲတွင်လဲ ဖိုင်တွဲတစ်ခုကိုကိုင်ထားလေသည်။ဖိုင်တွဲကိုကိုင်ထားသောလက်ခုံသည် သွေးကြောစိမ်းစိမ်းများဖြင့်ကြည့်ကောင်းလှပေသည်။မောင်သည် အသက်၃၅နှစ်ရှိပြီမို့ ခန့်ညားကာတည်ငြိမ်စွာကြည့်ကောင်းလှသူပင်။
ညီငြိမ်းစေတစ်ယောက်ငမ်းနေသည်ကိုအရှိန်သတ်ကာ ဧည့်ခန်းထဲသို့ ဘာမှမလုပ်ထားသည့်ရုပ်ကလေးဖြင့်ဝင်သွားလိုက်သည်။သူဝင်လာသည်ကိုမြင်သော် မောင်သည် မျက်မှောင်ကြုတ်ကာ
"ဒါကဘယ်လိုဖြစ်ရတာလဲ ညီငြိမ်း၊ ကျောင်းခေါ်ချိန်တွေတောင်မပြည့်ပါလား ဟမ်၊"
"မောင်ကလဲ ကျောင်းခေါ်ချိန်မပြည့်ဘူးဆိုတာက ငါနေမကောင်းလို့ကျောင်းမသွားဖြစ်တာတွေလေ၊"
သူကခပ်ပေါ့ပေါ့ပြောသော် မောင်သည် ပို၍ပင်မျက်မှောင်ကြုတ်လာခဲ့ပါသည်။
"ညီငြိမ်း၊ မင်း ကိုယ့်ကိုလိမ်ဖို့မကြိုးစားနဲ့၊ မင်းနေမကောင်းလို့ပျက်တာမှန်ရိုးဆိုရင် ကိုယ်မင်းကို ဒီလိုတောင်ခေါ်မေးမနေဘူး။ မင်းအကြောင်းမင်းသိမှာပါ"
"ကျစ်၊ ကျောင်းပြေးတာလေးပဲဟာ ဘာဖြစ်သွားမှာမို့လို့လဲ။ မောင်ရော Uniတုန်းကကျောင်းမပြေးခဲ့ဖူးလို့လား"
"ညီငြိမ်း၊ မင်းရဲ့မိဘတွေသာဒီအကြောင်းကိုသိသွားရင်မင်းဘယ်လိုဖြေရှင်းမလဲ ဟမ်။ ကိုယ် မင်းမိဘတွေဆီကနေ မင်းကိုတောင်းရမ်းယူတုန်းက မင်းရဲ့ပညာရေးကိုမထိခိုက်စေရပါဘူးဆိုပြီး လက်ထပ်ခဲ့ရတာ၊ အခု မင်းဒီလိုတွေဖြစ်နေတာကိုသာ မင်းမိဘတွေသိကြည့်စမ်း။ ငါဘယ်လိုကောင်ဖြစ်သွားပြီလဲ"
စိုင်းမော်သွေးတစ်ယောက် ထိုးတက်လာသော ဒေါသများကို ဖိနှိပ်ဖို့ကြိုးစားရင်း မတ်တပ်ထရပ်လိုက်မိသည်။ထို့နောက် ဆိုဖာပေါ်တွင် ပုံ့ပုံ့ကလေးထိုင်နေသော ချစ်ရသူကိုကြည့်၍
YOU ARE READING
Photograph (U+Z) [Complete]
Romanceဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး