နေလုံးကြီးသည် အရှေ့အရပ်မှ ရောင်ဝါဖြာလျက်ထွက်ပေါ်လာပေသည်။မနက်မိုးလင်းပေမို့ကျေးငှက်သာရကာတို့၏မြည်ကြွေးသံက တီတီတာတာနှင့်ကြည်နူးဖွယ်ရာ...။မနက်စောစောစီးစီးပေမို့ မြူငွေ့လေးများက သိုင်းခြုံလျက်ရှိပေသည်။
စိုင်းမော်သွေး၏ အခန်းပြတင်းမှန်ကိုတစ်တောက်တောက်နှင့်နှုတ်သီးလေးထိုးကာလာခေါက်နေသောငှက်ကလေးများကလဲ ဆူညံလို့နေပြန်သည်။စိုင်းမော်သွေးလဲ ကျောပူအောင်ထိမအိပ်တတ်သူမို့ ထကာ စားပွဲပေါ်တင်ထားသောရေကရားထဲမှ ရေကိုဖန်ခွက်ထဲထည့်ကာသောက်နေမိသည်။မနက်စောစောစီးစီး နိုးသည်နှင့်ရေသောက်တတ်သောအကျင့်ကား မေမေလုပ်ပေးထားသောအကျင့်ပင်ဖြစ်သည်။ရေသောက်ရင်းဟိုဘက်ခြံကိုကြည့်လိုက်ရာ
*ဖွီးးးး*
ရေများက ပါးစပ်ထဲမှ အကုန်ပန်းထွက်ကုန်သည်။ထို့နောက် ဖန်ခွက်ကိုပင် ဘယ်နားချလို့ချလိုက်မိမှန်းပင်မသိ။
"Shit!သေကုန်တော့မှာပဲ..."
ည၀တ်အိပ်သည့်အားကစားဘောင်းဘီရှည်အနက်၊တွန့်ကြေနေသည့်ခဲရောင်တီရှပ်အပွနှင့်အတူငှက်သိုက်ဖြစ်နေသောဆံပင်ကိုလဲဂရုမစိုက်အား။အခန်းထဲမှအမြန်ပြေးထွက်ကာ လှေကားထစ်မှ ဒုန်းဒုန်း ဒုန်းဒုန်းဆင်း၍ ခြံပြင်အမြန်ပြေးထွက်မိတော့သည်။ဟိုဘက်ခြံရောက်ရန်သာအရေးကြီးနေသည်မို့ ဖိနပ်ပါ မပါကိုပင်သတိမထားမိတော့ချေ။ဟိုဘက်ခြံတံခါးဝရောက်သည်နှင့်
"ဟေ့..၊ ဟိုကောင်လေး၊ ဟိုကောင်လေး...ငါခေါ်နေတာကြားလား၊ ဒုက္ခပဲ သေပြီလားမသိဘူး၊"
ဟိုနေ့ကကောင်လေးသည်သူတို့ခြံထဲရှိရေကူးကန်ထဲတွင်ပေါလောပေါ်နေလေသည်။ရေနစ်သေနေလားဘာလားမသိဖြင့်။စိုင်းမော်သွေးလဲစိတ်ပူကာ ခြံတံခါးအပေါ်မှ လွှားခနဲခုန်ကျော်ကာထိုရေကူးကန်ဆီအမြန်ပြေးသွားလိုက်တော့သည်။ပြီးသည်နှင့်ရေကူးကန်ထဲသို့ ဒိုက်ဗင်ထိုးချကာ ထိုကောင်လေးဆီရေကူးသွားလေသည်။
ထို့နောက် ရေပေါ်တွင်ပေါလောပေါ်နေသော ထိုကောင်လေး၏ခန္ဓာကိုယ်လေးကို လက်တစ်ဖက်တည်းဖြင့် သိုင်းဖက်ကာ ရေကူးကန်ဘောင်နားဆီသို့ ပြန်ကူးလာလိုက်သည်။
أنت تقرأ
Photograph (U+Z) [Complete]
عاطفيةဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး