"ဟယ်လို သူရိယ၊ မင်းအားလား"
"အေး အားတယ် ပြောလေ"
သူရိယတစ်ယောက်ဧည့်ခန်းထဲတွင် အမှုတွဲဖိုင်များကိုကြည့်နေရင်းဖုန်းဝင်လာ၍ကိုင်လိုက်မိသည်။ဖုန်းတစ်ဘက်မှခေါ်ဆိုသူက ဟိုတစ်ခါက ဟိုဘက်ခြံအကြောင်းကိုသူစံုစမ်းခိုင်းထားသည့်သူငယ်ချင်းဖြစ်သူပင်။
"ငါမင်းရဲ့ g mail ထဲကို ဟိုဘက်ခြံမှာဖြစ်ခဲ့တဲ့အမှုတွဲအကြောင်းပို့ပေးထားတယ်၊ မင်းမှန်းထားတာမှန်နေတယ်၊ အဲ့လူသေမှုကသွေးရိုးသားရိုးမဟုတ်တဲ့အပြင် တရားခံကိုယ်တိုင်က သူသတ်တာပါလို့ဝန်ခံတာတောင် ကွင်းလုံးကျွတ်လွတ်တယ်တဲ့ကွာ သောက်ရေးမပါတာတွေ၊"
"ဘာကွ၊ သူတို့ရေးထားတော့ မတော်တဆမှုဆို"
သူ့အသံကလိုတာထက်ပင် ပိုကျယ်နေခဲ့သော်လဲ သူဂရုမစိုက်နိုင်ပါပေ။ဟိုဘက်မှ သူ့သူငယ်ချင်းကလဲ ဒေါသတွေထွက်နေပုံပင်။သူနှင့်စိတ်တူကိုယ်တူပေါင်းနေသည့်ကောင်မို့ သူ့လိုပင်ဒေါသထွက်နေခြင်းပင်ဖြစ်လောက်မည်။
"ပြီးတော့ ခြံရဲ့အခုပိုင်ရှင်ကိုငါမသင်္ကာလို့နောက်ကြောင်းလိုက်စစ်ကြည့်တော့ အဲ့တရားခံကောင် ကိုယ်တိုင်ကပြန်ဝယ်ထားတာတဲ့၊ မျိုးမစစ်ကောင်"
"ဘယ်လို ဘယ်လို၊ အဲ့ဦးနေသစ်ဆိုတဲ့လူက အခုခြံရဲ့လက်ရှိပိုင်ရှင်ပေါ့"
"ဟုတ်တယ်၊ လက်ရှိပိုင်ရှင်ပဲ၊ မင်းဘာသာမင်းပဲဖတ်ကြည့်လိုက်ကွာ ငါပြောရင်းဒေါသတွေထွက်လာပြီ"
"အေး အေး"
သူရိယလဲ ဖုန်းအမြန်ချကာ mailထဲဝင်၍ အမှုတွဲဖိုင်ကို ဖတ်ကြည့်ကြည့်လိုက်သည်။
လွန်ခဲ့သော ၉နှစ်ကဖြစ်သည်။
ကျယ်ဝန်းလှသောစံအိမ်ကြီး၏အထဲတွင် အရာရာတိတ်ဆိတ်နေလျက် ခြောက်ကပ်နေလေသည်။အပ်ကျသံပင်ကျနိုင်သည်အထိကိုတိတ်ဆိတ်ခြောက်ကပ်နေလေသည်။ခဏအကြာ ထိုအိမ်ကြီးရှေ့သို့ ကားတစ်စီးက ထိုးဆိုက်လာသည်။ကားပေါ်မှ ကျော့ကျော့မော့မော့နှင့်ဆင်းလာသော အမျိုးသမီးကြီးနှင့်အတူ အမျိုးသားကြီးတစ်ယောက်လဲပါလေသည်။သူတို့လက်ထဲတွင်လဲ ခရီးဆောင်အိတ်များနှင့်။
أنت تقرأ
Photograph (U+Z) [Complete]
عاطفيةဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး