"မောင်....အကယ်၍ ငါမင်းနားမှာမရှိတော့ရင်တောင် မင်းငါ့ကိုချစ်ဦးမှာပဲလား..."
"မင်းကကိုယ့်အသက်မို့ ကိုယ့်ဖြစ်တည်မှုမို့ ဆက်ချစ်နေဦးမှာပဲ..."
"ငါ မောင့်ဆီကိုဘယ်အချိန်မှာ ပြန်လာနိုင်မယ်မှန်း မသေချာဘူးနော်..."
စိုင်းမော်သွေး ရင်ခွင်ထဲမှ ချစ်ရသူကိုပွေ့ဖက်ထားရင်း ဝမ်းနည်းစွာ သက်ပြင်းချမိသည်။
"ကိုယ်ကလေ မင်းပြန်လာမဲ့အချိန် ကိုယ်သေတဲ့အထိ စောင့်နေမှာ အကယ်၍ မင်းပြန်မလာနိုင်တော့ဘူးဆိုရင် ကိုယ်ချက်ချင်းသေပစ်လိုက်မှာ မင်းသာ...မင်းသာ ကိုယ့်ကိုချစ်နေဖို့ပဲလိုတာပါကွာ...ဝမ်းနည်းစရာတွေမပြောပါနဲ့ကွာ...ကိုယ့်ကောင်လေး ဘာတွေပဲဖြစ်နေနေ ကိုယ်ကဘယ်တော့မှ တစ်ယောက်တည်းမထားသွားဘူးနော်..."
ရင်ခွင်ထဲမှချစ်ရသူကိုတင်းကျပ်စွာပွေ့ဖက်ထားရင်းစကားဆိုလိုက်သည်။ထို့နောက် ကုတင်ပေါ်လှဲချကာ အိပ်စက်လိုက်သည်။
နောက်နေ့မနက်တွင် ညီငြိမ်းစေ၏မိဘများနေထိုင်သည့်နေရာသို့ စိုင်းမော်သွေးနှင့် စိုင်းနိုင်သွေး၊သူရိယတို့ ထွက်လာခဲ့သည်။လက်ထဲတွင်လဲ ကင်မရာလေးကိုင်ထားလျက်နှင့်။ညီငြိမ်းစေ၏မိဘများသည်ညီငြိမ်းစေသေဆုံးပြီးတည်းက ထိုအိမ်ကြီးမှပြောင်းရွှေ့ကာ အခြားနေရာတွင် နေထိုင်ခဲ့ကြခြင်းပင်။ခြံကြီးရှေ့သို့ရောက်သော် သူတို့၃ယောက်သည် ခြံတံခါးရှိ ဘဲလ်ကိုတီးလိုက်လေသည်။ခြံကြီးမှာ ကြီးကျယ်ခမ်းနားလှသော်လဲ ကြည့်ရသည်မှာ အထီးကျန်လှသည်။
ဘဲလ်တီးပြီးသော် ခြံစောင့်ဟုထင်ရသောသူတစ်ယောက်ကထွက်လာ၍ သူတို့အားမေးမြန်းလေသည်။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ...."
ထိုအခါ သူရိယက သူ၏စုံထောက်ကဒ်ပြားကိုပြကာ ညီငြိမ်းစေ၏မိဘများနှင့်တွေ့ချင်ကြောင်း အရေးကြီးကြောင်းပြောလေသည်။ထိုအခါ ခြံစောင့်သည် အိမ်ထဲသို့တစ်ခါပြန်ဝင်ကာ အကြောင်းကြားပုံရသည်။ပြီးမှ ပြန်ထွက်လာကာ သူတို့အားဝင်လာလို့ရပြီဖြစ်ကြောင်းကိုပြောလေသည်။ထိုအခါမှ သူတို့၃ယောက်လဲဝင်လာလိုက်သည်။
BẠN ĐANG ĐỌC
Photograph (U+Z) [Complete]
Lãng mạnဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး