မနက်ေနေရာင်စထွက်ကတည်းက စိုင်းမော်သွေးတစ်ယောက် ညီငြိမ်းစေ၏ခြံရှေ့တွင်ရပ်စောင့်နေမိသည်။တစ်ညလံုးအိပ်လို့မေပျာ်ခဲ့ေသာ စိုင်းမော်သွေးသည် ပြတင်းပေါက်မှတစ်ဆင့်နေထွက်လာသည်အထိစောင့်ကြည့်နေခဲ့ပါသည်။နေရောင်ပေါ်လာသည်နှင့် မျက်နှာသစ်ကာ အပေါ်ထပ်အင်္ကျီကိုဆွဲ၍ ညီငြိမ်းစေ၏ခြံရှေ့တွင်ရပ်စောင့်နေခြင်းပင်။လက်ေကာက်ဝတ်တွင်ပတ်ထားေသာနာရီကိုကြည့်ရင်း နာရီလက်တံအတိုသည်နံပါတ်၇ကိုညွှန်ပြကာမှ ညီငြိမ်းစေသည် အိမ်ထဲမှထွက်လာခဲ့ပါသည်။အိမ်ထဲမှထွက်လာသောညီငြိမ်းစေသည် စိုင်းမော်သွေးကိုမြင်ေသာ် အနည်းငယ်အ့ံဩသွားပံုပင်။ထို့ေနာက် စိုင်းေမာ်ေသွးရှိရာဆီ လံုးလံုး လုံးလုံးနှင့်ပြေးလာကာ ခြံတံခါးဆွဲဖွင့်ပေးလေသည်။ထို့နောက် စိုင်းမော်သွေးအနားကပ်ကာ
"ဟေ့ကောင်၊ ရောက်နေရင်လဲ အသံလေးဘာလေးပြုလိုက်လေကွာ...ရပ်စောင့်နေတာကြာပြီလား..."
သူ့ကိုအပြစ်တင်ချင်သည့်ဟန်ဖြင့်ပြောဆိုနေသောထိုကောင်လေးကိုသူတွေတွေကြီးသာစိုက်ကြည့်နေမိသည်။မျက်ဝန်းအစုံကနီရဲေနကာ တစ်ညလုံးမအိပ်ခဲ့ရမှန်းသိသာနေပေသည်။ညီငြိမ်းေစသည် သူ့ကိုစိုက်ကြည့်နေသော စိုင်းမော်သွေးကြောင့် ပါးအို့လေးများပင်နီရဲလာတော့သည်။ထို့ေနာက် ညီငြိမ်းစေသည်
"မင်းနေမကောင်းဘူးလား၊ မှန်းစမ်း...ကိုယ်လဲမပူပါဘူးဟ"
အေးစက်နေသောလက်ဖဝါးလေးက စိုင်းမော်သွေးနဖူးဆီခေတ္တအလည်ရောက်လာသည်။ထိုလက်ကလေးပြန်စွန့်မခွါသွားခင် စိုင်းမော်သွေးဖမ်းဆွဲထားလိုက်သည်။ထို့နောက် ထိုလက်ကလေးကိုနမ်းရှိုက်လိုက်သည်။တွန့်သွားသော ကိုယ်လေးနှင့်အတူ ညီငြိမ်းစေ၏ဖြူဖြူဖွေးဖွေးမျက်နှာကလဲရဲခနဲ။အေးစက်နေသောထိုလက်ဖဝါးလေးကိုနမ်းရှုံ့ရင်းမျက်ရည်များကဆည်ကျိုးသလို တားဆီးမရစီးကျလာလေသည်။ငိုနေသောစိုင်းမေယ်သွေးကြောင့် ညီငြိမ်းစေလဲမျက်လုံးလေးပြူးကာ
"ဟေ့ကောင်၊ မင်းဘာတွေကြောင်ပြီးလုပ်နေတာလဲ၊ ငါ့လက်ကိုလွှတ်စမ်းပါ၊ ဘာလို့ငိုေနတာလဲ၊ မင်းဦးလေးက မင်းကိုဆူလိုက်လို့လား"
YOU ARE READING
Photograph (U+Z) [Complete]
Romanceဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး