"ဒါဆိုရင်...မင်းတို့ကတွဲနေကြတာပေါ့"
အိပ်ခန်းထဲတွင်သူရိယ၏အသံဩဩကြီးကထွက်ေပါ်လာသည်။သူရိယ၏တအံ့သြတအောမေးခွန်းကို စိုင်းမော်သွေးကခေါင်းတစ်ချက်ငြိမ့်ရုံသာပြန်ဖြေသည်။စိုင်းနိုင်သွေးကတော့သူ့ဦးနှောက်သေးသေးလေးဖြင့်အသဲအသန်တွေးနေရသည်။နောက်မှ
"အာ၊ ငါ့တူလေး ငါ့တူလေးတော့ဒုက္ခပါပဲ၊ စိုင်းမော်လေး မင်း...ပြုစားများခံနေရသလားဟင်...ဦးငယ်ကိုကြည့်ပါဦး..."
စိုင်းမော်သွေးမျက်နှာရှေ့တွင်လက်ကလေးကိုလှုပ်ကာလှုပ်ကာနှင့်လုပ်နေသော စိုင်းနိုင်သွေးပါလေ။သူငယ်ငယ်ကတည်းကချီပိုးထားခဲ့သော လေးငယ် အခုချိန်တွင်မည်မျှစိတ်ပူနေမှန်းကို သူခံစားမိပါသည်။
"ပြုစားရအောင် ကျွန်တော်ကစုန်းမှမဟုတ်တာ၊ သရဲလေ..."
"အား.."
ဧည့်ခန်းအဝကနေရုတ်တရက်ပေါ်လာသော ညီငြိမ်းစေကြောင့်စိုင်းနိုင်သွေးပါးစပ်ကအယုတ္တအနတ္တများထွက်လာသည်။ညီငြိမ်းစေသည် ဧည့်ခန်းအတွင်းသို့တစ်လှမ်းချင်းဝင်လာကာ
"ကျွန်တော်ကစလိုက်တာကို..."
စိုင်းမော်သွေး၏မာန်မဲချင်နေသည့်အကြည့်တို့ကိုမြင်သည်နှင့် ညီငြိမ်းစေသည် ခေါင်းလေးငုံ့ကာ နှုတ်ခမ်းလေးစူထော်၍ ဆင်ခြေပေးရှာသည်။စိုင်းမော်သွေးသည်လဲ ဆူသည်ဟူ၍ပင်မထင်ရသည့် လေသံပျော့ပျော့ဖြင့်
"ဒါပေမဲ့ ကိုယ့်ဦးလေးကကြောက်တတ်မှန်းသိရက်နဲ့လေ ညီငြိမ်းရယ်~"
ထိုအခါ ညီငြိမ်းစေသည် စိုင်းမော်သွေးကို မျက်လုံးရွဲလေးတွေနှင့်ကြည့်ကာ
"ငါက..ပျင်းလို့ဟာကို၊ ဒီတိုင်းစမိတာလေးကို မင်းကဆူတာလား"
ဆူဆူဆောင့်ဆောင့်လေးပြောလိုက်ရာ စိုင်းမော်သွေးတို့တွေများ ချက်ချင်းကိုထိတ်ထိတ်ပြာပြာဖြစ်သွားချက်။
"အာ.ဆူတာဟုတ်ဘူးလေ၊ ပြောပြတာ...မဆူဘူးနော်၊ ကိုယ့်ကောင်လေးကို လုံး၀မဆူပါဘူး...ဆူစရာလား..."
စိုင်းနိုင်းသွေးတစ်ယောက် ဦးလေးတစ်ယောက်လုံးကိုရှေ့ထားကာ ကလူနေကြသော ထိုနှစ်ကောင်ကြောင့် အစောနကစိတ်ပူတာတွေပင်ပျောက်ကာ နှစ်ကောင်သားလုံးကိုအိမ်ပေါ်ကပင်ကန်ချချင်စိတ်ပေါက်လာတော့သညါ။
KAMU SEDANG MEMBACA
Photograph (U+Z) [Complete]
Romansaဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး