Is it called love?

6.1K 302 7
                                    

ကလေး!!!!!!!! ကလေး..........

ချွေးတွေရွှဲနစ်ကာ အိပ်မက်မှ အလန့်တကြား နိုးထလာသော နိုင်လင်းဦး.......

ဟူးးးးးတော်ပါသေးရဲ့ အိပ်မက်ကို........နှစ်နာရီ ထိုးပြီဘဲ.........

ရေထသောက်ပြီး အိပ်ရာပေါ်ပြန်လှဲမိတော့ ခေါင်းထဲရောက်လာသည်က ထိုကလေး..........ထိုကလေးက ဘာလို့ သူ့ကိုဒီလောက်တောင် လွှမ်းမိုး ထားနေသလဲ...... သူကိုယ်တိုင် ပင်နားမလည်......... သျေခါတာကတော့ ဒီကလေးကို သူတွေ့နေရရင်ပျော်နေသည် သူ့အနားမှာဘဲ အမြဲရှိစေချင်သည်......အဲ့တာအချစ်ဆိုတာများလား.......မနက် company ရောက်ရင်တော့ ကလေးကို သူ့ခံစားချက်တွေ ပြောပြမှ ရတော့မည်.............
....................................................

10:00 AM.

Arr.....ဆယ်နာရီတောင်ထိုးပြီ ညက အိပ်ရေးပျက်လို့ နောက်ကျပြန်ပြီ......

နိုင်လင်းဦး အိပ်ရာမှ လူးလဲထကာ ရေအမြန်ချိုးပြီး company သွားဖို့ပြင်ရတော့သည်.....သူ့ကလေးကို တွေ့ချင်လှပြီ မဟုတ်လား......သူရ ကတော့ မနက်ကတည်းကထွက်သွားပုံရသည်.......ကမူးရှူးထိုးဖြင့် အိမ်က ထွက်ကာ company သို့ ဒုန်းစိုင်းရတော့သည်......
...................

မင်္ဂလာပါဆရာ....

အေး morning

နှုတ်ဆက်သော ဝန်ထမ်းများကို ပင် မြန်မြန်ပြန်ပြောကာ CEO office room သို့ အမြန်ဝင်လာခဲ့သည်....schedule ကိုင်ကာ စောင့်နေမည့် အကောင်ပေါက်ကို တွေ့ရမည့် စိတ်ကူးဖြင့်.....

သို့သော်..........

အခန်းထဲမှာ ဘသူမှ မရှိ.....

သူရ......သူရ......

ဗျာ...ဆရာ....

နေသွေးရော......

မလာသေးဘူးလေဆရာ......သူမလာတော့ဘူးတဲ့ ကျွန်တော့် ကို ph ဆက်တယ်.....

ဘာလို့မလာရတာလည်း.......

အဲ့တာတော့မပြောဘူး ဆရာရဲ့......

မင်းတို့ကလည်း အလုပ်ကိုသေချာလုပ်လေ......အကြောင်းအရင်းသိအောင်လုပ်မှပေါ့.....တောက်.....

ဟုတ်...ဟုတ်ကဲ့....

သွား....သွားးး မသူဇာကို လွှတ်လိုက် မြန်မြန်သွားးးးးး

My Daddy (Baby boy's)Where stories live. Discover now