ကိုယ်လာပြီကလေး

8.7K 396 16
                                    

Unicode
နေ သွေးတစ်ယောက် တစ်နေ့လုံး အခန်းထဲ၌ ငြိမ်သွေးချက်သားကောင်းနေသည်။
အကြောင်းမှာ သူဒီနေ့ တစ်နေ့လုံး အလုပ်မသွားပဲ ဦးနိုင် ကို တစ်ဖက်သတ်ကောက်နေခြင်း ....

မနက်ကလည်း အစောကြီးနိုးနေပြန်သေးသည် ။

အလုပ်သွားဖို့ အိပ်ယာ‌ေစာ‌ေစာထရတာ အကျင့်ပါသွားလို့ထင့်...

ဘာပဲဖြစ်ဖြစ် မနေ့တည်းက မကျေနပ်ခြင်းက ဒီနေ့အထိ လျော့မသွားသေးသောကြောင့် အလုပ်မသွားတော့ဟု ဆုံးဖြတ်လိုက်သည် ။

* မသိဘူးကွာ အလုပ်လည်း မသွားချင်ဘူး ။ တစ်နေ့လုံး အခန်းထဲပဲ အောင်းနေလိုက်တော့မယ် ။

မေမေကတော့ ဒီနေ့ အလုပ်မသွားလို့ဆိုပြီး ပြုတ်စော်နံနေပြီတဲ့ ။ အခန်းရှေ့ကနေ မြည်တွန်တောက်တီးသွားလေရဲ့ ။

တော်ကြာ လူနဲ့လိုက်အောင် စိတ်ပု အဲလေ စိတ်တိုတတ်တဲ့ သူက အလုပ်မှာ စိတ်လိုက်မာန်ပါ ဦးနိုင်ကို ပြဿနာရှာမိရင် ခက်မယ်မလား ။

ဦးနိုင်ကသဘောကောင်းပေမယ့် သူ့အတွက် အလုပ်ရှင်ပဲလေ ။
ပြောသာပြောရတယ် မနေ့တည်းက ဦးနိုင်က ဟိုမိန်းမနဲ့ပြောပြီး ဆက်ဆံပုံ ပြောင်းနေတာ သူ့စိတ်ထဲ လုံးဝ နေလို့မရ ....

မနေ့ညက ဂိမ်းဆော့တာတောင် တော်ရုံနဲ့ စိတ်မပါ ။
ဒီလူကြီးကို ဒေါသထွက်နေရတာနဲ့ကြယ်မကြွေအောင် မနည်းရုန်းလိုက်ရတယ် ...

တော်ပါပြီ ဒီလူကြီး အကြောင်းတွေးရတာ ဒေါသတွေထွက်တယ် ရင်တွေ တုန်တယ် ။
ဒေါသထွက်ရတဲ့ကြားထဲ ရင်ကပါခုန်သေးတယ် ။ အစား စားတာပဲကောင်းတယ် ။ မေမေဘာဟင်းချက်လဲ မသိဘူး ။

"မေမေရေ.....မေမေ့ !
ဒီနေ့ ဘာချက်လဲ ဗျို့...!!! "။

" ................"
နေသွေး‌တစ်ယောက်အောက်ထပ်ကို အော်လည်းအော် ပြေးလည်း‌ေပြး
ဆင်းသွားလေသည် ။

*************************************
တစ်နေ့လုံး မအားလုပ်ရသော Scheduleများ‌ေကြာင့် အလုပ်လုပ်နေရသော်လည်း ဒီနေ့တစ်နေ့လုံး နိုင်လင်းဦး လုံးဝ စိတ်မပါ ... ။

မသူဇာပြောခဲ့သော ကလေး၏လိပ်စာဆီသို့သာ စိတ်ရောက်နေသည်။ အလုပ်လုပ်ရတာ စိတ်မပါသဖြင့် အလုပ်လည်း မပြီးတော့...

My Daddy (Baby boy's)Where stories live. Discover now