Shatter.7 (Awakening)

32 3 0
                                        

Unicode

#Glitch
                          SHATTER .7
                         (Awakening)

အခြေအနေများမှာ ရုတ်ချည်းပင်ငြိမ်သက်သွားလေပြီ။ ဟန်သာမှအားယူကာထလာပြီး ထွဋ်လူ၏အနားတွင်ထိုင်ကာ ခန္ဓာကိုယ်အားစမ်းသပ်ကြည့်လိုက်ပြီး ဦးဒီပအား...

"ဘယ်လိုလုပ်မလဲ...ယက္ခညီနောင်ကိုသူစားမိလိုက်ပြီ"

သူမလေသံကစိုးရိမ်နေဟန်...ဦးဒီပလည်းသူ၏ကောက်ရိတ်ဓါးကြီးကိုမြေကြီးတွင်ထောက်လျက်အားယူကာဖြည်းဖြည်းချင်းတိုးကပ်လာပြီး ထွဋ်လူ၏နဖူးပေါ်သို့လက်တင်ကာမျက်လုံးများမှတ်၍အာရုံခံကာစမ်းသပ်လိုက်ပြီး...

"ငါလည်းအတိအကျမပြောနိုင်သေးဘူး...သူ့ကိုယ်ထဲမှာglitch တွေမတည်ငြိမ်ဘူးဖြစ်နေတယ်...ပြီးတော့ အင်မတန်အဖျက်စွမ်းအင်များတဲ့ ယက္ခညီနောင်ကိုစားလိုက္မိတာဆိုတော့ awakening များဖြစ်ခဲ့ရင် အတော်ကိုထိန်းသိမ်းရခက္မယ်... "

"ကျွတ်.. ဒါဆိုရင်သူ့ရဲ့ Relicကရော"

ဟန်သာကမေးလိုက်သည်။ ဦးဒီပကခေါင်းကုတ်ပြီး...

"ဒါလည်းတပ်အပ်မပြောနိုင်ဘူး...pure glitch တွေရဲ့ ဖန်တီးကွန့်မြူးနိုင်စွမ်းကိုညည်းလည်းသိရက်သားနဲ့..ခန့်မှန်းရခက်တယ် ငါတို့စောင့်ကြည့်ရမှာပဲ"

ထိုစဉ်မှာပင် ...

"ဘာတွေလဲဗျာ...ဘာpure glitchတုန်း ခင်ဗျားတို့ကဘာတွေလဲဟင် နတ်ဒေဝါတွေလား"

အသံလာရာသို့ဟန်သာနှင့်ဦးဒီပတို့ လှည့်ကြည့်လိုက်ရာ ကောင်းကောင်းန‌ှင့်ကျော်ရဲဆိုသူနှစ်ယောက်...

"ဟင်...ရှင်တို့...ကျွန်မတို့တည်းတဲ့ဟိုတယ်ကနှစ်ယောက်"

ဟန်သာ၏စကားကိုကျော်ရဲက...

"ခင်ဗျားလည်းကျုပ်တို့တည်းတဲ့ဟိုတယ်ကပဲလေ...ရုပ်သေးပွဲညကလေ ကျုပ်မှတ်မိတယ်"

ကောင်းကောင်းက...

"ကျုပ်တို့ကယက္ခညီနောင်ဆိုတဲ့ လူနှစ်ယောက်ကို ဒုစရိုက်သမားဘာညာထင်လို့ မသင်္ကာတာနဲ့နောက်ယောင်ခံလိုက်လာတာဗ‌ျ...အဖြစ်အပျက်တွေကိုလည်းအကုန်မြင်ပြီးပြီ ...ဘ၀မှာဒါမျိုးတွေ ဒီလိုအစွမ်းနဲ့လူသားတွေဆိုတာ ရုပ်ရှင်တွေထဲမှာပဲတွေ့ဖူးတာ.. အံ့ဩလွန်းလို့ပါဗျာ"

GlitchWhere stories live. Discover now