Unicode
"ဦးဒီပ ဘယ့်နှယ့်လဲ သိန္နောက ကျွန်မကိုမြင်တာတောင်မမှတ်မိတော့ပါလား"
ဟန်သာကထိုလူကြီးအားနှုတ်ဆက်ရင်းဆိုလိုက်လေသည်။
"ညည်းနဲ့မတွေ့တာပဲဘယ်လောက်ကြာပြီတုန်းဟ... ပြီးတော့ငါ့သားကြီးက အရင်လိုသိပ်မဟုတ်တော့တာလည်းပါတာပေါ့လေ"
"ဘာကိုဆိုလိုတာလဲ....ဟုတ်တော့ဟုတ်တယ် သိန္နောကအရင်ကနဲ့မတူဘူးနော် ဒေါသအရမ်းကြီးနေသလိုပဲ"
ဟန်သာ၏စကားကိုဦးဒီပကခေါင်းညိမ့်ထောက်ခံပြီး...
"ဟုတ်တယ်... ဟိုးတလောက အသင်းတော်က လူတွေနဲ့ ရင်ဆိုင်လိုက်ရသေးတယ်... အဲ့ဒီနောက်ပိုင်းမှာ ငါ့သားကြီးဟာ အင်မတန်ဒေါသကြီးလာတယ်...ပြီးတော့အခုတလော ဒီနယ်တစ်ဝိုက္မှာ အသင်းတော်ရဲ့ အရိပ်အယောင်တွေခနခနမြင်ရတယ် "
ဦးဒီပ၏စကားအဆုံး၌ ဟန်သာ၏မျက်နှာတွင်စိုးရိမ်ပူပန်မှုတို့အထင်းသား.....
"ဒါနဲ့ ဒီကောင်လေးကဘယ်သူလဲ... သူကအတော်ထူးခြားတယ်... သူ့ဆီက ငါခံစားမိတဲ့ aura ကသူများနဲ့မတူဘူး...သူ့ glitch တွေကတော်တော်ထူးခြားတယ်"
ဦးဒီပက ထွဋ်လူအားမေးဆတ်ပြရင်းမေးလိုက်သည်။ဟန်သာက...
"အခု ရှင့်ကိုလာရှာတာ အဲ့ကိစ္စကြောင့်ပဲ"
ဦးဒီပက ထွဋ်လူအား သေချာအကဲခတ်လိုက်ရင်း...
"ကဲကဲ... အပြင်မှာကလုံခြုံတာမဟုတ်ဘူး အထဲ၀င်ရအောင် ... သိန္နောရေ သားကြီးလာဟေ့ အဖေ့ဆီ"
ဟုဆိုကာ လက်ဝါးကိုရှေ့သို့ဆန့်ထုတ်လိုက်လေရာ..သိန္နော၏ခန္ဓာကိုယ်တွင် အထစ်ထစ်အငေါ့ငေ့ါဖြင့် glitch များဖြစ်လာပြီးလျှင် pixel အပိုင်းအစလေးများပုံပြောင်းသွားကာ ဦးဒီပ၏လက်ဝါးပေါ်သို့စုစည်းသွားပြီး အနက်ရောင်မြင်းရုပ်လေးဖြစ်သွားလေသည်။ ဟန်သာပြောသည့် သက်ရှိrelic ဆိုတာဒါပဲဖြစ်မည်ဟု ထွဋ်လူတွေးလိုက်လေသည်။
"ကဲ...လာကြဟေ့"
ဦးဒီပ၏လောဆော်သံ...
"ဟိတ်ကောင်ကျော်ရဲ... ထ...ထ ဟိတ်ကောင်"
ကောင်းကောင်း၏လှုပ်နှိုးမှုကြောင့် ကျော်ရဲ မျက်လုံးများအားယူဖွင့်ကာ ခေါင်းထောင်လာပြီးအိပ်ချင်မူးတူးဖြင့်...
YOU ARE READING
Glitch
Science Fiction" We are all living in a simulation or more like a Matrix, programmed by someone or transcendental organizations beyond our reach"