Shatter.2(Bird and Bugs)

65 8 7
                                    

Unicode

       ထွဋ်လူတစ်နေ့လုံး အလုပ်လုပ်ရတာလမိုင်းမကပ်။ အဘယ့်ကြောင့်ဆိုသော် သူ့ရုံးသုံး laptop မှာဗိုင်းရပ်စ် ကိုက်သွား၍ window ပြန်တင်နေရတာနဲ့တင် အလုပ်ကပြီးသင့်သလောက် မပြီး။ ယခုရုံးဆင်းချိန်ပင်ရောက်လေပြီ။

     "ကျွတ်.. အချို့ဖိုင်တွေ backupမလုပ်ထားမိဘူးနဲ့တူတယ် သွားပြီထင်ပါတယ်"

     သူငြီးတွားလိုက်သည် ဒီတစ်ပတ်အတွက်သူတင်ရမည့် project raw file တွေ၊contentတွေရောပါသွားသည့်အပြင် deadline ကလည်းကပ်နေပြီမို့ ခေါင်းကအတော်ခြောက်နေလေပြီ။ ထိုစဉ်...

   "ထွဋ်ကြီးရေ ပြီးပြီလားဟေ့... ဂျာကြီးတို့တော့ပြန်သွားကြပြီ မင်းနဲ့ငါပဲသော့ခတ်ရတော့မှာ"
  ဆိုသောအသံနှင့်အတူပိစိရောက်လာသည်။ သူကဆက်လက်၍...

"အေးမို့တောင်မျက်နှာမကောင်းဘူး... မင်းနဲ့များပြဿနာဖြစ်ထားလား" ဟုမေးလေသည်။ထွဋ်စိတ်ရှုပ်ဟန်ဖြင့်လူခေါင်းကိုကုပ်ကာ...

"အေးကွာ...ငါလည်းဒီမှာ ဗိုင်းရပ်စ်ကိုက်လို့စိတ်မကြည်ဖြစ်နေတာနဲ့ သူကတူတူပြန်ဖို့‌လာခေါ်တာကို... နင့်ဘာသာနင်ပြန်ပါလား ဆိုပြီးအော်လိုက်သလိုဖြစ်သွားမိတာကွာ"

"အာ..မင်းကလည်း ဟိုကမင်းအပေါ်တအားဂရုစိုက်ရှာတာကို... ပြီးတော့မင်းတို့နှစ်ယောက်လည်းလိုက်ပါတယ်ဟ" ဟုပိစိကပြောလေသည်။

"ငါအဲ့ဒါတွေမစဉ်းစားချင်သေးဘူးကွာ ငါ့ဘ၀ကိုအခြေကျဖို့ပဲအရင်ကြိုးစားနေတာ မင်းအသိဆုံးပါသူငယ်ချင်းရာ "

ပိစိလည်းထွဋ်လူခံစားချက်ကိုနားလည်‌ဟန်ဖြင့်ခေါင်းတဆတ်ဆတ်ငြိမ့်ကာပြုံးစိစိဖြင့်...

  "အေးပါ အေးပါ ငါသိပါတယ်.. ဒါနဲ့မင်းfileတွေရော project တွေရော server ထိုင်ထားတဲ့ pc ထဲမှာရှိပါတယ်ကွာမပူပါနဲ့ မင်းဒီတစ်နေ့စာပဲ နဲနဲပြန် လုပ်ရမှာပါ အိမ်ကိုကူးသွားပြီးလုပ်လိုက်ပေါ့ကွာ " ဟုပိစိကပြောလေရာ...

   "ဟင်...မင်း..မင်း ဟုတ်သားပဲ...မင်းအစတည်းကဘာလို့ငါ့ကိုသတိမပေးတာလဲ ငါအဲ့ဒါကိုမေ့နေတာကြည့်စမ်း"

GlitchWhere stories live. Discover now