Unicode
ထွဋ်လူမှာလမ်းလျှောက်နေရသော်လည်းစိတ်နှင့်လူနှင့်မကပ်။ မိန်းကလေးကတော့ရှေ့မှ ခပ်သွက်သွက်လျှောက်ကာနေ၏။ သူယခုကြုံတွေ့နေရသည်များကို သူ့ဦးနှောက်က လက္မခံချင်၊လက္မခံရဲလောက်အောင်ဖြစ်နေတယ်။ ဒါပေမဲ့ သူ့မျက်စိရှေ့မှာပဲ သူ့အချစ်ဆုံးသူငယ်ချင်းပိစိ ကတော့သေဆုံးသွားတာကအမှန်ပဲလေ..
အဖြစ်အပျက်တွေကမြန်ဆန်လွန်းတယ်။ဘ၀မှာ အခုလိုဖြစ်ရပ်မျိုးတွေ ကြုံတေွ့လာရမယ်လို့ တေွးဖို့မပြောနှင့် စိုးစဉ်းလေးတောင် ထွဋ်လူစိတ်ထဲမရှိခဲ့ဖူးဘူးလေ။
လွန်ခဲ့သောရက်အနည်းငယ်က ထွဋ်လူ၊ အလုပ်သွားလိုက်၊ စားသောက်လိုက်၊ပျော်ပါးလိုက်နဲ့ ဘ၀ကိုပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့တဲ့ထွဋ်လူ... ယခုတော့ဘာမှန်းမသိသောအရာကြောင့် ဘယ်သူမှန်းမသိသောမိန်းကလေးတစ်ယောက်နှင့်အတူ ပြေးနေရလေပြီ။ ထို့အပြင်သူငယ်ချင်းပိစိကို သတ်တဲ့ သံသယတရားခံအဖြစ် ဖြင့်ပင် ဖမ်း၀ရမ်းထုတ်ခံရလိမ့်ဦးမည်ဟု တွေးမိလေသည်။"မြန်မြန်လာစမ်းပါကောင်လေးရာ...အချိန်မီရောက္မှဖြစ်မှာ မဟုတ်ရင်ငါတို့ကိုရှာတေွ့သွားလိမ့်မယ်"
ဟုထိုမိန်းကလေးကပြောရင်း မပြေးရုံတစ်မယ် ခြေလှမ်းများဖြင့် လျှောက်နေလေသည်။ ထွဋ်လူလည်းတစ်ခုခုမေးရန်ပါးစပ်ပြင်လိုက်ရာ ထိုကောင်မလေးမှ...
"ရှင်သိချင်တာအကုန် ဟိုရောက်ရင် ပြောပြမယ်...အခုတော့ခဏသီးခံအုံး"
ဟုပြောလေသည်။ထိုသို့လျှောက်လာကြရင်းကားတစ်စီးနားအရောက်တွင် ရပ်လိုက်ကာ door lockကိုဖွင့်ပြီး...
" ကဲတက်လေကောင်လေး...ရှင်ဘာမှမစားရသေးရင်လည်းဟိုရောက္မှတစ်ခုခုကျွေးမယ်"
ထွဋ်လူကသူမအား မယုံကြည်သောအမူအရာဖြင့်...
"ငါမောင်းမယ်...မင်းကိုသိပ်မယုံချင်သေးဘူး...ပြီးတော့ငါ့ကိုကောင်လေးလို့မခေါ်နဲ့ ငါမကြိုက်ဘူး"
ဟုဘောက်ဆတ်ဆတ်ပြန်ပြောလေသည်။သူမကခပ်ဖွဖွရယ်ပြီး...
"အဟက်ဟက်...ကောင်လေးမို့လို့ကောင်လေးလို့ခေါ်တာပေါ့ ..ရှင်မောင်းမယ်ပြောရအောင်ရှင်က ကျွန်မတို့ဘယ်သွားမလဲသိလို့လားဆရာကြီးရဲ့"

YOU ARE READING
Glitch
Science Fiction" We are all living in a simulation or more like a Matrix, programmed by someone or transcendental organizations beyond our reach"