Unicode
#Glitch
Shatter.8
(The Lone Wolf)"သူတို့လိုက်လာသေးလား"
"ဟင့်အင်း...ဒီနေရာလောက်ဆိုကိုယ်တို့လုံခြုံမှာပါ...ဒီမှာခဏနားပြီးဆက်သွားကြတာပေါ့"
"မဟုတ်သေးဘူးကို...အသင်းတော်ကိုလျှော့တွက်လို့မရဘူး လူစုလည်းကွဲကုန်ပြီ...ဟန်သာတို့...ဟန်သာတို့...လွတ်နိုင်ပါ့မလားဟင်"
သူမ၏အသံကအလွန်အမင်းစိုးရျံ့ထိတ်လန့်ကာတုန်လှုပ်လျက်... မရပ်မနားပြေးလာရသောကြောင့်အလွန်ပင်မောဟိုက်ကာ နွမ်းလျနေလေသည်။ သူလည်း သူမ၏ပုခုံးကိုလက်နှစ်ဖက်ဖြင့်ကိုင်လှုပ်လိုက်ရင်း...
"မင်းစိတ်ကို စုစည်းလိုက်စမ်းဟန်သာ... ကေသရာဆိုတဲ့ငါရှိနေသ၍ မင်းကိုမှဲ့တစ်ပေါက္ သဲတစ်ပွင့်တောင်မစွန်းစေရဘူး"
"ဟင့်အင်း...ကျွန်မတို့ပြေးမှဖြစ်မယ်ကို...ပြေးမှဖြစ်မယ်"
သူမကိုရင်ခွင်ထဲဆွဲသွင်းကာဖက်ထားလိုက်သည်။ထို့နောက်သူမအား...
"ဒီမှာခဏစောင့်နေနော်ဟန်သာ...ကိုယ် ဂျန်ဒရာ့ကိုသွားရှာမှဖြစ်မယ်"
"ဟင့်အင်း...ကျွန်မလည်းလိုက္မယ် "
"ကျွတ်...ခဏလေးပါ အချစ်ရယ် ခဏလေးပါ...ကိုယ်ချက်ချင်းပြန်လာမှာပါ"
"မဟုတ်သေးဘူး...ကိုဘာဖြစ်နေတာလဲ... ဟန်သာတို့နှစ်ယောက်အတူတူရှိနေတော့ ပိုမကောင်းဘူးလား...တော်ရုံကောင်လောက်က မမှု မှု"
"မင်းငါ့စကားကိုနားထောင်စမ်းဟန်သာ... ဒါတွေအားလုံးဟာမင်းတို့စလိုက်တဲ့ပြဿနာပဲ...အနှိုင်းမဲ့ပုဂ္ဂိုလ်ကို အာခံမှုကြောင့်ရလာတဲ့ နောက်ဆက်တွဲအကျိုးဆက်ပဲ"
ကေသရာဒေါသဖြင့်အော်လိုက္မိသည်။သူမမှာသူ့အားမျက်လုံးအပြူးသားဖြင့်ငေးနေရင်းမှ...
"ရှင်က......ကျွန်မကိုအပြစ်တင်နေတာလား...ဟမ်...ဒါဆိုသူ့လက်ထက္မှဖြစ်လာတဲ့ရက်စက်ကြမ်းကြုတ်မှုတွေ စည်းမျဉ်းချိုးဖောက္မှုတွေ "
"တော်စမ်း...ဒါဟာငါတို့အလုပ်မဟုတ်ဘူး...ငါတို့ဟာ နာခံသူတေွ...သူဟာငါတို့ရဲ့ဖခင်...ငါတို့ဟာသူ့ရဲ့ကလေးတွေ "

YOU ARE READING
Glitch
Ciencia Ficción" We are all living in a simulation or more like a Matrix, programmed by someone or transcendental organizations beyond our reach"