#Unicode
MinJoon1(တွေ့ဆုံခြင်း)
"ဥက္ကဌကြီး ညက ဆုံးတယ် အကိုလေး အမြန်ပြန်ခဲ့ပါ"
ခွဲခွာခဲ့သည့် အမိမြေကို ပြန်လည်ခြေချခွင့်တွင် ဈာပနအခမ်းအနားဖြင့်ကြိုဆိုသည်။
ညက ဖုန်းရသည်နှင့် Kim Namjoonသည် အပြေးအလွှားပြန်လာခဲ့ရသည်။ဒီရောက်တော့ တစ်ဦးတည်းရှိသည့် သူ၏ ကောင်းကင်သည် အေးချမ်းစွာ လှဲလျောင်းနေခဲ့ပြီ။
အတ္တတို့ဖြင့် ကိုယ်စီမာနတို့ ပြိုင်ခဲ့စဉ်က သားအဖတွေ တစ်မြေဆီ ဝေးခဲ့သည်။
ပထမအကြိမ် ဆုံစည်းခြင်းက အခုလို အခြေအနေနှင့်တဲ့လား။
ဒီလိုမျိုးဖြစ်လိမ့်မည်ဟု ကြိုသိခဲ့ပါလျှင် အတိုက်အခံ မလုပ်ခဲ့ဘဲ Daddyစိတ်တိုင်းကျ Namjoon နေခဲ့ပါသည်။
အခုတော့....အချိန်တို့နှောင်းခဲ့ပြီ။ဦးလေးChoiသည် အလိုက်တသိ Namjoonတစ်ယောက်တည်း နေလို့ရရန် လာသမျှ ဧည့်သည်တို့ကို ရှင်းပေးသည်။
Namjoonသည်တော့ Daddyဓာတ်ပုံကိုသာ ငေးရင်း ငြိမ်သက်စွာထိုင်နေခဲ့သည်။
အခုအချိန်တွင် Namjoon၏ အတွင်းစိတ်တို့ကို နောင်တ တရားသည် တမြေ့မြေ့လှိုက်ကာ စားနေပြီ။
ဘယ်လောက် ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်နေပါစေ အမိုးအကာသည် လိုအပ်နေစမြဲ။
Daddy ကျွန်တော်ပြန်လာပြီ။
Daddyအားကိုးတဲ့ အရွဲ့တိုက်တဲ့ကောင် ပြန်လာပြီလေဗျာ။"Namjoon"
ခေါ်သံကြောင့် လှမ်း၍ ကြည့်တော့ Seokjin Hyungနှင့် Yoongi Hyung။
နောက်မှ ထပ်ဝင်လာသည်က Hoseokie။"Hyungတို့ သိသိချင်း လာခဲ့တာ အဆင်ပြေရဲ့လား ကောင်လေး "
နံဘေးနား ရောက်လာကာ ပုခုံးကို ဖက်လာရင်း Jin Hyungကဆိုသည်။
"Namjoonie ငါတို့ ရှိသေးတယ်ကွာ အားမငယ်နဲ့ မင်းတစ်ယောက်တည်း မဟုတ်ဘူး "
"အင်း"
"Namjoon ကိုယ့်ကိုယ် ကိုယ် အပြစ်တင်စရာမလိုဘူးနော် တစ်ယောက်တည်း ကြိတ်ခံမနေနဲ့ ဟေ့ကောင်"
တစ်ယောက်ပြီးတစ်ယောက် အားပေးစကားဆိုနေသော်လည်း ခေါင်းသာ ညိတ်ပြမိသည်။
ထို့နောက် Seokjin Hyungတို့သည် ဦးလေးChoiကို ဝိုင်းကူပေးနေကြသည်။
YOU ARE READING
Mr:Joon's baby JiJi
FanfictionလူကြီးJoon နှင့် ပေပီ ji ဦးနဲ့ ခေး ပေါ့ပေါ့ပါးပါး..Typeမျိုးလေးပါ.. အပန်းမကြီးရင် ဝင်ပြီး ဖတ်ရှု ဝေဖန်ပေးကြပါဦးနော် 😘😘😘😘😍😍😍😍 ChimyZin မကြီး..Gomawor..