လားရှိုးမြို့
High Way လမ်းမပေါ်ရှိ နှစ်ထပ်အဆောက်ဦး စားသောက်ဆိုင်တစ်ခုမဂျက်မတို့ ဆိုင်ဟုလူသိများသည့်စားသောက်ဆိုင်လေးအား လားရှိုးမြို့အတွင်းမသိတဲ့သူမရှိ......
အစားသောက်ကောင်းစျေးနှုန်းချိုသာသည့်အပြင်ဆိုင်ရှင်အမျိုးသမီး၏ထူးခြားတဲ့ပုံစံကြောင့်လူသိများသည်
တရုတ်စာတန်းတချို့ချိတ်ဆွဲထားပြီး ဆိုင်ကောင်တာနောက်ကျောတွင် ခပ်ဝဝတရုတ်အမျိုးသားတစ်ဦးဓာတ်ပုံအားချိတ်ဆွဲထားသည်။
ဆံပင်ခပ်တိုတို
အသားဖြူဖြူ
စကားပြတ်ပြတ်ပြောတက်မဲ့ စိတ်သဘောထားနူးညံ့တဲ့ မဂျက်မဆိုတဲ့ အမျိုးသမီးကို ရှင်နှောင်းဟုလူတွေမသိကြ
ပိုက်ဆံလာရှင်းသောအမျိုးသားတစ်ဦးကသူမကိုကြည့်လိုက်ချိတ်ဆွဲထားသောဓာတ်ပုံကိုကြည့်လိုက်ဖြင့်လုပ်နေသည်
" အမအဖေလား"
အမျိုးသမီးတစ်ယောက်တည်းရပ်တည်နေရတာမို့အကြောင်ရိုက်တဲ့သဘော
"အမအမျိုးသားပါ"
သူမအဖြေကြောင့်
ထိုအမျိုးသားလည်းခေါင်းကုတ်ပြီးထွက်သွားတော့သည်
ရှင်နှောင်းပါဓာတ်ပုံကိုစောင်းငဲ့ကြည့်ရင်း အတိတ်နေ့များဆီရောက်ရှိသွားခဲ့သည်...............................
လွန်ခဲ့သော၄ နှစ်
ဇန်နဝါရီလလားရှိုးမြို့ရဲ့အအေးဒဏ်ကိုကျော်ဖြတ်ရင်း
"အမျိုးသမီးဝန်ထမ်းအလိုရှိသည်"
အနီရောင်အောက်ခံမှာအဖြူရောင်စာလုံးဖြင့်ရေးထားသော ဆိုင်းဘုတ်တစ်ခုဆိုင်အဝတွင် တရုတ်စာတန်းတချို့ချိတ်ဆွဲထားသည်
လမ်းမတန်း ပေါ် highway ကားများရပ်နားသည့် စားသောက်ဆိုင်ဖြစ်သော်လည်း
မှောင်ကုပ်ကုပ်အနေအထားရှိသည်အထဲမှာလည်းခပ်ငယ်ငယ်မိန်းကလေး ၃၊၄ဦး တွေ့သည်
အတွင်းတွင် စားသောက်ကုန်မျိုးစုံရောင်းသည့်ဆိုင်ပါတွဲဖွင့်ထားသည်အရက်ပုလင်း တချို့လည်းတွေ့ရသည်
"အလုပ်ခေါ်ထားတာတွေ့လို့ပါ"

BẠN ĐANG ĐỌC
Hope (မျှော်လင့်ခြင်း)
Lãng mạnအိမ်နဲ့အဝေးကြီးမှာ....... သူစိမ်းတွေရဲ့အလယ် ရှင်သန်ဖို့ကြိုးစားရတဲ့ရှင်နှောင်း ရက်စက်ယုတ်မာတဲ့လောကြီးမှာ အချစ်ဆိုတဲ့အရာနဲ့တွေ့ခဲ့တဲ့အခါ မိန်းမငယ်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားကအနိုင်ရမလား ရက်စက်တဲ့လောကကြီးကပဲအနိုင်ရမလား.... လူတွေဖြတ်သန်းရတဲ့ဘဝကိုယ်...