Where life begins

732 17 0
                                    

ကြီးမေတို့အိမ်ကအတော်ပင်ခမ်းနားလှသည်အိမ်ကြီးအိမ်ကောင်းတစ်ခုဖြစ်သည်

အုတ်အနီရောင်၊အုတ်မိုးခပ်စိမ်းစိမ်းမှာကနုတ်ပုံစံဖော်ထားသည့်....သုံးထပ်အဆောက်အုံကြီးကခြံရဲ့အလယ်မှာခန့်ခန့်ညားညားတည်ရှိနေသည်

သူမတို့မြို့က မြို့နယ်တရားရုံးပင်ဒီလောက်မခမ်းနားပါ....

တစ်ခြံလုံးမှာကလည်းသစ်ပင်ကြီးတွေအပြည့်
အထူးခြား​ဆုံက နွေရာသီမှာတောင်အရွက်တွေအကိုင်းတွေဖြာထွက်နေသောသစ်ပုတ်ပင်ကြီးတစ်ပင်
အပြင်ကအပူဒဏ်တောင်ခြံထဲအရောက်မှာအေးချမ်းသွားခဲ့သည်

သူမတို့စီးလာသောမြင်းလှည်းလေးဆင်ဝင်အောက်တွင်ရပ်လိုက်သည်

သူမလည်းခပ်ကုပ်ကုပ် နောက်မှာလိုက်လာခဲ့သည်

ဝင်ဝင်ချင်းမှာ ခပ်ကြွားကြွားကြောင်လိမ်လှေခါးတစ်ခုကိုတွေ့လိုက်သည်
လှေခါးရဲ့ညာဘက်လျောက်လှမ်းအတိုင်းသွားလျှင် အင်မတန်ခမ်းနားတဲ့ဧည့်ခန်းနှင့်အတူ များပြားလှတဲ့တဲ့စာအုပ်အပြည့်နဲ့စာအုပ်စင်ကြီးကိုတွေ့လိုက်ရသည်
စာအုပ်တွေမြင်တော့သူမလှိုက်ခနဲဖြစ်သွားမိသည်

စာအုပ်စင်နှင့်မျက်နှာချင်းဆိုင်မှာ ကျွန်းဆက်တီခုံကြီးတစ်ခုထည်ထည်ဝါဝါရှိနေသည်

ကျွန်းကုလားထိုင်ပေါ်တွင် ဖဲအကျင်္ီကိုယ်ကြပ်အမဲလေးကို ကျကျနနဝတ်ဆင်ထားသည့် အမျိုးသမီးလေးကိုတွေ့လိုက်ရသည်

မမခိုင်ဆိုတာသူပဲဖြစ်မယ်ဟုသူမတွေးမိသည်

သူမအသားအရေကမန္တလေးသူပီပီ ညိုညိုစိမ့်စိမ့် အေးစက်စက်မျက်လုံးရှိသည်မှလွဲပြီးသူမကအလွန်ပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်ထားသည်

​ "ဒါကြီးမေရဲ့သမီး ခိုင်လေ"ကြီးမေမှစပြီးမိတ်ဆက်ပေးလိုက်သည်
" ဟုတ်မမခိုင် ရှင်နှောင်းကို ဒီနေ့ကစပြီး လိုတာရှိရင်ခိုင်းပါနော်"
မမခိုင်ဆိုသူကခေါင်းကိုခပ်ဆက်ဆက်ငြိမ့်ပြသည်

မမခိုင်က လှသလောက်မာနလည်းကြီးသလိုပဲ
ကြီးမေကတော့အမြဲခပ်ပြုံးပြုံးနှင့်ဖော်ဖော်ရွေရွေလေးရှိလို့တော်သေးဟု သူမတစ်ယောက်တည်းတွေးမိသည်

Hope (မျှော်လင့်ခြင်း)Opowieści tętniące życiem. Odkryj je teraz