နှင်းရေစိုစွတ်ပြီးမှောင်ပိတ်နေတဲ့ မန္တလေးမနက်ခင်းမှာသူမ ဆိုင်အတွက်ပစ္စည်းတွေသယ်ရင်းအောက်ဆင်းလာခဲ့သည်
ပစ္စည်းတွေကိုကြမ်းပေါ်မှာခဏပုံထားစဉ်
ဆင်ဝင်အောက်မှာအသင့်ရပ်ထားသည့် Mazda Famila အပြာလေးတစ်စီးကိုတွေ့လိုက်ရသည်
ကြီးမေများမြင်းလှည်းအစားကားငှားထားလားဟုသူမတွေးလိုက်သည်
ကားပေါ်မှအထုတ်တွေမနိုင်မနင်းနှင့်လူတစ်ယောက်ဆင်းလာသည်
ဆောင်းတွင်းမို့ မနက် ၆နာရီကိုပင် လူလုံးသိပ်မကွဲပါ
ကုတ်အင်္ကျီကို ပုဆိုးနှင့်တွဲဝတ်ထားပြီး Walker hat ခပ်ညိုညိုတစ်လုံးကိုဆောင်းထားသည်
" အထုတ်တွေလာကူသယ်လေ လူသစ်လေး"
ခပ်ကြောင်ကြောင်ရပ်နေသောသူမကိုထိုသူကစောင်းငဲ့ကာမေးလိုက်သည်
" အော် ဟုတ်ကဲ့"
ရှင်နှောင်းလည်းပြာပြာသလဲဖြင့် ထိုသူ့အထုတ်တွေပြေးသယ်တော့သည်ပြေးသာသယ်ရတယ် ကားသမားကကြီးကြီးကျယ်ကျယ်ဘာလို့အထုတ်တွေသယ်ခိုင်းရတာလဲသူမနားမလည်
ရုတ်တရပ်ထိုသူ ရှင်နှောင်းဘက်လှည့်လာပြီး ရှင်နှောင်းမျက်နှာကိုစေ့စေ့ကြည့်လိုက်သည်
"နိုင်သလောက်ပဲယူလေ ကျန်တာအကိုသယ်လာခဲ့မယ်"
ထိုသူရဲ့နွေးထွေးသောအသံနှင့်အတူသူမအပေါ်မှငုံ့မိုးကြည့်နေသောမျက်လုံးညိုကြီးများကို ကြာကြာရင်မဆိုင်ရဲသဖြင့်ရှင်နှောင်း ခေါင်းကိုငုံ့ပစ်လိုက်ရသည်
သူမလက်ထဲမှအထုတ်တချို့ကိုဆွဲယူလိုက်သည်
သူမကလည်းဘာရယ်မသိပြန်လုလိုက်သည်
" အော်.......ပေးပါဆို ဒုက္ခပါပဲ"
ပြောပြောဆိုဆိုသူမလက်ထဲကအထုတ်တစ်ထုတ်ကိုထိုသူမှပြန်လုလိုက်သည်
"ဟယ်မောင်ထွန်းဝေ ရောက်လာတာလား"
နောက်မှကြီးကြီးမေရဲ့အသံကိုကြားလိုက်သည်" ခိုင်ရေ .....သမီး...မောင်ထွန်းဝေပြန်လာပြီ"
ပြောပြောဆိုဖြင့်မမခိုင်အားလှမ်းအော်လိုက်သည်
ထိုမှသာရှင်နှောင်းသဘောပေါက်သွားသည်
သူမရှေ့ရပ်နေသူက အကိုလေး ဆိုတဲ့သူမှန်း
" ကြီးမေ စျေးထဲသွားတော့မလို့လား ကျွန်တော်လိုက်ပို့မယ်လေ "
" နားပါမောင်ထွန်းဝေ... ခိုင်နဲ့စကားပြောနှင့် ကြီးမေတို့ကိုမြင်းလှည်းလာကြိုမှာ"
ချည်အင်္ကျီအပြာနုရောင်လေးကို ထမီနက်ပြာလေးနဲ့တွဲဖက်ဝတ်ဆင်ထားကာကျစ်လစ်သောခန္ဓာကိုယ်လေးနဲ့ အလှပေါ်အယဉ်ဆင့်နေသောမမခိုင် လှေခါးပေါ်မှဆင်းလာခဲ့သည်
မမခိုင်ရဲ့အေးစက်စက်မျက်ဝန်းဟာလည်းနွေးလို့ထွေးလို့
အထုတ်များကိုနေရာချပြီး ကြီးမေနောက်မှသူမလိုက်လာခဲ့သည်
မမခိုင်နဲ့ အကိုလေးကလိုက်ဖက်လိုက်တာ သူမတစ်ကိုယ်တည်းမှတ်ချက်ပေးမိသည်
သို့သော်အမည်မသိတဲ့ခံစားချက်မျိုးသူမဖြစ်ပေါ်ခဲ့တာတော့ဝန်ခံသည်
STAI LEGGENDO
Hope (မျှော်လင့်ခြင်း)
Storie d'amoreအိမ်နဲ့အဝေးကြီးမှာ....... သူစိမ်းတွေရဲ့အလယ် ရှင်သန်ဖို့ကြိုးစားရတဲ့ရှင်နှောင်း ရက်စက်ယုတ်မာတဲ့လောကြီးမှာ အချစ်ဆိုတဲ့အရာနဲ့တွေ့ခဲ့တဲ့အခါ မိန်းမငယ်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားကအနိုင်ရမလား ရက်စက်တဲ့လောကကြီးကပဲအနိုင်ရမလား.... လူတွေဖြတ်သန်းရတဲ့ဘဝကိုယ်...