လွန်ခဲ့တဲ့ ၈ နှစ်ခန့်

669 17 2
                                    

ညကပုံမှန်ထက်မှောင်မိုက်နေသည်

ထွန်းဝေပြန်ရောက်လာချင်း ထူးထူးဆန်းဆန်းအိမ်ကတိတ်ဆိတ်နေသည်

ပုံမှန်တိတ်ဆိတ်ခြင်းမျိုးမဟုတ်တာ
သူသတိထားမိသည်

သူဒီညမှာ ကြီးမေနဲ့ ခိုင် ကို သူနဲ့ရှင်နှောင်းလက်ထပ်တော့မည့်အကြောင်း ပြောဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်

သူ့စိတ်တွေအချစ်ကြောင့်ရဲရင့်လာပြီ....

တကယ်ဆိုသူဘာကိုမှကြောက်စရာမရှိ......

သူရဲဘောကြောင်ခဲ့တဲ့သူ့ကိုယ်သူသာအပစ်တင်မိသည်

ခိုင့်ကိုလက်မတွဲနိုင်ကြောင်းပြောမယ်....

ရှင်နှောင်းတဲ့သာယာလှပတဲ့ဘဝလေးဖန်တီးကြမယ်

ရှင်နှောင်းရေ အကိုတို့ဘယ်တော့မှမဝေးတော့ဘူးနော် .....

ကားကိုသူတိတ်တိတ်ဆိတ်ဆိတ်ရပ်ပြီးသူအိမ်ထဲဝင်ခဲ့သည်

ကြီးမေ နှင့် ခိုင်ဧည့်ခန်းထဲတွင် မိန့်မိန့်ကြီးထိုင်လျှက်
သူတို့မျက်နှာပေါ်မီးရောင်မိုးကျနေသည်

" အော်လူစုံ နေတာပဲ ကျွန်တော်ပြောစရာရှိလို့ "

သူ့အပြောကိုခိုင်က ခပ်ထေ့ထေ့ပြုံးလိုက်သည်

" ကျွန်မလည်းပြောစရာရှိတယ်ကိုထွန်းဝေ.....ရှင်နှောင်းအိမ်ကနေထွက်သွားတဲ့အကြောင်းလေ.... ထွက်သွားတာတောင်လင်နောက်လိုက်သွားတာနော်"

ကြားလိုက်ရသောစကားကြောင့်သူ့နားသူမယုံနိုင်အောင်ဖြစ်သွားခဲ့သည်

" ဘာ.....မဖြစ်နိုင်တာ...."

"ဟုတ်တယ် ကိုထွန်းဝေရဲ့ ဘာလို့အဲ့လောက်လန့်သွားတာလဲ....ဖြည်းဖြည်းအော်ပါ...."
သူမထိုင်နေရာမှသူ့နားကိုထလာခဲ့သည်

"ဘာလဲ......
ခိုင့်ကိုတောင်မယုံတော့ဘူးလား.....
ရှင်နှောင်းလိုအဆင့်အတန်းတွေကဒီလိုပါပဲဆို
ဒီလိုအဆင့်အတန်းတွေကစည်းမရှိပါဘူးဆို"

Hope (မျှော်လင့်ခြင်း)Место, где живут истории. Откройте их для себя