"ရှင်နှောင်းကိုသွားစလိုက်တာလားကိုထွန်းဝေ"
သူစာအုပ်ဖတ်နေရာမှသူမျက်လုံးကိုလှန်ပြီးကြည့်လိုက်သည်
"အော်...ခိုင်...ထိုင်လေ"
"သူကဒီအတိုင်းရယ်စရာလေးမို့လို့ပါ"
ပြောပြောဆိုဆို နှင့်သူကော်ဖီတစ်ကျိုက်မော့သောက်လိုက်သည်
" ရှင် စရင် ဟိုကခံရမှာချည်းပဲ ပြီးတော့ ကျွန်မဂုဏ်သိက္ခာလည်းရှိသေးတယ်ကိုထွန်းဝေ....သူ့လိုအဆင့်အတန်းနဲ့ရှင့်လိုအဆင့်အတန်းက...
စလို့ရတဲ့အဆင့်တန်းမဟုတ်ဘူးနော်"
မကျေမနပ်ပြောနေသောခိုင့်ကိုသူကြည့်ပြီးတစ်ချက်ပြုံးလိုက်သည်"ဟေ့ နေပါဦး ခိုင်ရဲ့ မင်းသိက္ခာနဲ့ ဘာဆိုင်လို့လဲ ဘာလဲ မင်းကိုယ့်ကိုသဝန်တိုနေတာလား"
ခိုင်ပုခုံးတွန်ပြလိုက်သည်
" ရှင်နဲ့ကျွန်မနဲ့ကတချိန်လက်ထပ်ရမဲ့လူတွေလေကိုထွန်းဝေ ရှင်ဒီလိုမတည်မကြည် နေရင် ကျွန်သိက္ခာထိခိုက်တယ်"
သူမအသံကဒေါသသံစွတ်နေသည်"ဂုဏ်သိက္ခာ ဟုတ်လားခိုင်...ဒါဆိုမင်းကရော
ကျောင်းမှာနေဇော်လတ်ဆိုတဲ့ကောင်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာကိုယ်ပြန်မကြားဘူးထင်လို့လား.....မင်းတို့တစ်ကျောင်းလုံးသိတယ် ကိုယ့်မိတ်ဆွေတွေတောင်ပြန်ပြောရတဲ့အထိပဲ
အေး မင်းလည်းကိုယ်ကိုမချစ်သလို ကိုယ်လည်းမင်းကိုမချစ်ဘူး
မင်းအမေလိုပဲ ကိုယ့်ကိုထိန်းချုပ်ဖို့မကြိုးစားပါနဲ့
မင်းတို့သားအမိနဲ့ကိုယ် ဝေးသွားလိမ့်မယ်နော်"
ဒေါသကြောင့်သူ့လက်တွေတဆက်ဆက်တုန်ခါနေသည်
မျိုသိပ်ထားတဲ့အရာတစ်ခုကို
ပြောချင်တာပြောပြီးသွားသောကြောင့် သူ့စိတ်ကအတော်ပေါ့သွားသည်
ခိုင်ကသူ့ကိုနာနာကျဉ်းကျဉ်းတစ်ချက်ကြည့်လိုက်သည်
ထို့နောက်သူမ.......တရှုံ့ရှုံငိုနေသည် သူ့အမေးကိုပြန်လည်းမဖြေရှင်းပါသူလည်းစိတ်ရှုတ်ရှုတ်ဖြင့်ထိုနေရာမှထလာခဲ့သည်
..........................................................ဆေးလိပ်ကိုရှိုက်ဖွားရင်း
ဝရံတာမှအပြင်ကိုငေးကြည့်မိသည်
ပတ်ဝန်းကျင်တစ်ခုလုံးမဲမှောင်ပိတ်နေသည်
သူကိုယ်တိုင်လည်းဘာမသေချာမရေရာဝေဝေဝါးဝါး......
ခိုင့်ကို ချစ်နိုင်ပါ့မလား
တဘဝလုံးစာအတွက်လက်တွဲဖို့သေချာနိုင်မလား...
သူမအပေါ်မောင်နှမလိုသံယောဇဉ်ပဲရှိခဲ့တာမို့
အိမ်ထောင်ဖက်အဖြစ်တစ်ခါမှမတွေးဖူးပါ
နောက်ပြီး ခိုင်ကရော သူ့ကိုချစ်မှာတဲ့လား
အစစအရာရာပြည့်စုံနေတဲ့ခိုင့်ကိုကျွန်တော်ဘယ်လိုအကြောင်းပြချက်နဲ့ငြင်းရမလဲကွယ်
အတူရှိနေပေမဲ့ဘယ်တော့မှနီးစပ်လို့မဖြစ်နိုင်တဲ့နှလုံးသားတွေနဲ့
"ကျွန်တော်တိုနှစ်ယောက်က ဖောက်ပြီးသားလမ်းမို့မထူးဇာတ်ခင်းပြီး ဆက်လျောက်ရမှာလား ခိုင်ရယ်"
ခိုင့်ကိုကျွန်တော်မချစ်ဘူး
ခိုင်ကလည်းကျွန်တော့ကိုမချစ်ဘူး
ခိုင့်ပုံစံက တွဲချင်တဲ့သူနဲ့တွဲမယ် အချိန်တန်ကျွန်တော့ကိုလက်ထပ်မဲ့သူမျိုးဆိုတာကျွန်တော်သိတယ်
ကျွန်တော်ကိုထူးထူးခြားခြားကြင်နာပြတာလည်းဒီအကြောင်းရင်ကြောင့်ပဲမလားခိုင်
ခိုင်ကနားလည်ရခက်လွန်းပါတယ်လေ....တဆက်တည်းသူ့အတွေးထဲဝင်ရောက်လာသူကရှင်နှောင်းဆိုတဲ့ ကလေးမလေး
အသက်ကသူ့ထက် ၈ နှစ်လောက်ငယ်ပေမဲ့ တော်တော်စွန့်စားတာပဲ ဟုသူတွေးမိသည်
နောက်ပြီးထိုကလေးမလေးသူ့ကိုကြည့်တဲ့မခို့တရို့အကြည့်တွေ.......
သွားတွေလေပေါ်သွားသည့်တိုင်အောင်သူ့ကိုပြုံးပြတဲ့အပြုံးတွေ
ရှင်နှောင်းကချစ်စဖွယ်အတိပါလား
သူရင်တွေတဒိတ်ဒိတ်ခုန်လာတာသူခံစားမိသည်သူ့အခန်းထောင့်ချိုးမှမြင်နေရသော အလုပ်သမားအဆောင်ဘက်ကိုအကြောင်းအရင်းမရှိလှမ်းကြည့်မိသည်
မီးလင်းနေသေးသောရှင်နှောင်းအခန်း
ရှင်နှောင်းကိုသူပြပြလေးလှမ်းမြင်ရသည်ဘာလို့အချိန်တိုတိုလေးအတွင်းသူမကကျွန်တော့ရင်ထဲရောက်လာတာလဲ
သူမနဲပတ်သတ်ပြီးခိုင်နဲ့ပထမဆုံးရန်ဖြစ်ဖူးတဲ့သူ့ကိုယ်သူအံ့ဩမိသည်
"အဆင့်အတန်းဆိုတာပတ်ဝန်းကျင်ရဲ့သတ်မှတ်ချက်သတ်သတ်ပါပဲ" သူပါစပ်မှအလိုလိုရေရွတ်မိသည်
![](https://img.wattpad.com/cover/245085326-288-k264111.jpg)
VOUS LISEZ
Hope (မျှော်လင့်ခြင်း)
Roman d'amourအိမ်နဲ့အဝေးကြီးမှာ....... သူစိမ်းတွေရဲ့အလယ် ရှင်သန်ဖို့ကြိုးစားရတဲ့ရှင်နှောင်း ရက်စက်ယုတ်မာတဲ့လောကြီးမှာ အချစ်ဆိုတဲ့အရာနဲ့တွေ့ခဲ့တဲ့အခါ မိန်းမငယ်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားကအနိုင်ရမလား ရက်စက်တဲ့လောကကြီးကပဲအနိုင်ရမလား.... လူတွေဖြတ်သန်းရတဲ့ဘဝကိုယ်...