အတိတ်ရဲ့အရိပ်

530 20 0
                                    

ကံတရားကရှင်နှောင်းကိုအပစားမပေးသေးပါ

မိုးတွေသည်းတဲ့တစ်ရက် ဆိုင်ကို​ကောင်လေးတစ်ယောက်အမောတကောပြေးလာခဲ့သည်

ချာတိတ်လေးရဲ့မိုးကာအင်္ကျီမှာရေတွေဆက်တိုက် လိုလိုစီးကျလျှက်

" မဂျက်မ...... ဟို..... စာတိုက်နားမှာ..... ဦးပေါ်ရဲ့ဒေါဂျစ်နဲ့ မြေသယ်ကားတိုက်မိလို့"

"ဘာ...."

သူမအလန့်တကြားဖြစ်သွားပြီးကောင်လေးနောက်ပြေးလိုက်သွားခဲ့သည်

သူမရောက်သွားချိန်မြင်လိုက်ရမြင်ကွင်းကမယုံနိုင်ဖွယ်....

ဦးပေါ်ရဲ့ဒေါဂျစ်လေးက စိစိညက်ညက်ကြေမွလို့.....

ကတ္တရာလမ်းနက်နက်ပေါ်သွေးရောင်တွေလွှမ်းလို့......

ရှင်နှောင်းတို့ ဆေးရုံကိုအရောက်သွားခဲ့သော်လည်း ဦးပေါ်ရဲ့ အသက်ကိုမမှီလိုက်ပါ

​သွေးတွေကြားထဲမှပဲ........

ဦးပေါ်သူမတို့သားအမိကို အပြီးတိုင်နှုတ်ဆက်သွားခဲ့လေပြီ

ရှင်နှောင်းထက် အခံစားရဆုံးကသားသား......

သားက အဖေလိုဦးပေါ်ကိုအားကိုးသလို

ဦးပေါ်ကလည်းဖခင်မေတ္တာအပြည့်ပေးခဲ့သည်

ဒီဘဝဒီမျှပေါ့ ဦးပေါ်ရယ်

အတွေးတွေ မှတ်ညဏ်တွေအားလုံးထဲမှာ ဦးပေါ်က ရှင်နှောင်းရဲ့ကျေးဇူးရှင်တစ်ယောက်ပါ

                   .....................................

လူတွေဖြတ်သန်းရတဲ့ဘဝကိုယ်စီမှာ အမှတ်တရတွေ ခါးသီးတဲဒုက္ခကိုယ်စီရှိတယ်
တစ်ခါတစ်လေ
ပြန်မမှတ်မိချင်အောင် မေ့ထားတဲ့အရာတွေကလည်း ကောင်းခြင်းဆိုးခြင်း ပုံစံတစ်မျိုးမျိုးနဲ့ ကျွန်မတို့ဆီပြန်ရောက်လာတက်သေးတယ်
                    .............................

" ဟိုဝိုင်းကဧည့်သည်က မဂျက်မနဲ့တွေ့ချင်လို့တဲ့"

ဆိုင်ကကလေးမလေးပြောသောကြောင့် သူမအဝေးမှ လှမ်းကြည့်လိုက်သည်

ခပ်ရွယ်ရွယ်လူတစ်ယောက်နဲ့ အသက်ကြီးကြီးအဘွားကြီးတစ်ဦး

" ဘာကိစ္စရှိလို့လဲရှင့်"

ရှင်နှောင်းထိုဝိုင်းကိုထိုင်လိုက်ရင်းမေးလိုက်သည်

" ရှင်နှောင်း..... "

အဘွားကြီးမှသူမလက်ကိုအားကိုးတကြီးဆုတ်ကိုင်လိုက်သည်

" အန်တီထား....."

ဇရာကြောင့်အန်တီထားရဲ့မျက်နှာအများကြီးပြောင်းလဲသွားခဲ့သည်
အန်တီထားပုံစံက အဆင်ပြေပုံမပေါ်......ချို့ချို့တဲ့တဲ့ဖြစ်နေသည့်ပုံစံ

အချိန်တွေလည်းကြာခဲ့ကြပြီကို
သူမကိုယ်တိုင်တောင်ဒီလောက်ပြောင်းလဲသွားခဲတာ

ရှင်နှောင်း အန်တီထားကိုဝမ်းသာအားရဖက်ထားမိသည်

အန်တီထားလည်းရှင်နှောင်းကိုတွေ့တော့မျက်ရည်တွေပါစီးကျလျှက်

" နှစ်ကြာပြီရှင်နှောင်း....ရှင်နှောင်းကိုအန်တီထားလိုက်ရှာနေခဲ့တာ ....ဒီတစ်သက်ရှင်နှောင်းတို့ပြန်မဆုံနိုင်တော့ဘူးထင်ထားတာ အန်တီထားရယ် ခုလိုပြန်တွေ့ရတာဝမ်းသာလိုက်တာ"

အန်တီထားပြောတဲ့စကားတွေကထူးဆန်းလွန်းလို့ရှင်နှောင်းအနည်းငယ်မင်သက်မိသွားသည်

" အဟမ်း...."

ဘေးမှ သပ်သပ်ရပ်ရပ်ဝတ်စားအမျိုးသားတစ်ဦးမှ သူမတို့ကိုကြည့်ပြီးချောင်းဟန့်လိုက်သည်

"အန်တီထား ..... သူက ဘယ်သူလဲ" ရှင်နှောင်းအမေးကို ထိုသူက

" ကျွန်တော့်ကအထက်တန်းရှေ့နေစောမောင် ပါ ကျွန်တော်က ကိုထွန်းဝေရဲ့ရှေ့နေပါ"

"ကိုထွန်းဝေ" ရှင်နှောင်းတအံ့တဩဖြစ်သွားမိသည်

အံ့ဩခြင်းနဲ့အတူ.....သူမရင်ထဲလှိုက်ခနဲတင်းကြပ်သွားခဲ့သည်

" အန်တီထားရှင်းပြပါရစေရှင်နှောင်းရယ်"

အဲ့ဒီ့နေ့ကရှင်နှောင်းထွက်သွားပြီးတော့........

......................,.,........

Hope (မျှော်လင့်ခြင်း)Donde viven las historias. Descúbrelo ahora