ရှင်နှောင်းမျက်လုံးဖွင့်ကြည့်လိုက်တော့ ဆေးရုံတစ်ရုံမှာသူမရောက်ရှိနေသည်
ရှင်နှောင်းဘေးမှာဘယ်သူမှရှိမနေ
ရှင်နှောင်းလာခဲ့တုန်းကအဝတ်ထုတ်တချို့နှင့်အတူ စာအိတ်အဖြူတစ်ခု
အကိုလေးမှ ရှင်နှောင်းအတွက်ဟုခပ်ဝိုင်းဝိုင်းလက်ရေးတစ်ခု စာအိတ်အဖုံးတွင်ရေးထားသည်
အထဲတွင်ငွေ သုံးသောင်း ထည့်ထားသည်ကိုတွေ့လိုက်ရသည်
ဦးခေါင်းကိုမိုးကြိုးပစ်ချလိုက်သလိုမျိုးရှင်နှောင်းခံစားလိုက်ရသည်
ရှင်နှောင်းငိုသည် သည်းသည်းထန်ထန်ငိုကြွေးသည်
ဘာလို့များဒီလောက်တောင်ရက်စက်ရတာလဲ အကိုရယ်
ရှင်နှောင်းဒီလောကကြီးမှာတောင်ဆက်မရှိသင့်တော့ဘူး
အငွေ့ပြန်ပျောက်ကွယ်သွားချင်မိသည်အနည်းဆုံးတော့စာလေးတစ်စောင်လောက်တော့ ရှင်နှောင်းအတွက်နှစ်သိမ့်သင့်တာပေါ့
အေးစက်စက်လေထုကသူမမျက်နှာနဲ့တည့်တည့်ကိုတိုက်ခတ်နေသည်
ရှင်နှောင်းရင်ထဲမှတလှပ်လှပ်ဖြစ်ရုံကလွဲပြီးရှင်နှောင်းထူးထူးခြားခြားမကြောက်မိပါ....
ခေါင်မိုးစောင်းမှာရပ်နေရင်းအောက်ကိုကြည့်မိသည်
အရာရာကမျက်ရည်တွေနဲ့ဝေဝေဝါးဝါး
ငိုရလွန်းလို့မျက်လုံးတွေမို့အစ်နေသည်
အကို့ရဲ့ရယ်သံလွင့်လွင့်ကိုမသဲမကွဲရှင်နှောင်းကြားလိုက်ရသည်
သူမနောက်တစ်လှမ်းလှမ်းလိုက်သည်
ရုတ်တရပ်ရှင်နှောင်းအရာတစ်ခုတွေးမိသွားသည်
သူမရဲ့ မမွေးဖွားသေးတဲ့ ကလေးလေး...
"ကလေးလေးရေ
အမေဘာလုပ်ရမလဲ"
ဆောက်တည်ရာမရငိုကြွေးရင်းသူမဆုံးဖြတ်ချက်တစ်ခုချလိုက်သည်ကလေးလေးကိုတော့ရှင်နှောင်းရအောင်မွေးမည်
ဘယ်သူမှအနားမှာမရှိရင်တောင်
အမေ့အတွက်ကလေးလေးရှိသလို
ကလေးလေးအတွက်အမေရှိနေမယ်
.......................................ဆေးရုံဆင်းတဲ့ထိသူမနားဘယ်သူမှရောက်မလာခဲ့ပါ
ရှင်နှောင်းအိမ်လည်းမပြန်ရဲပါ
အရာရာဟာအတုအယောင်တွေချည်းပဲလို့ရှင်နှောင်းတွေးမိသည်
ရှင်နှောင်း မသေခဲ့ပေမဲ့
သူမကိုယ်သူမနာကြင်အောင်လုပ်ရတာကိုရှင်နှောင်းသဘောကျလာခဲ့သည်အသားတွေမြင်ရသည်အထိ ဓားနဲ့မွှန်းရတာကို ဆေးစွဲသလို စွဲလာသည်
ဆေးလိပ်တွေမနားတမ်းသောက်လာသည်
သူမဆံပင်ရှည်ရှည်တွေကိုယောကျာ်းကေမျိုးဖြစ်အောင်ဖြတ်ချလိုက်သည်
ဘဝရိုက်ခက်မှုတွေကြောင့်ထုံပေပေဖြစ်နေသောရှင်နှောင်းကိုဒီထက်ဆိုးတဲ့ဘယ်အရာတွေကများထိခိုက်နိုင်ဦးမှာလဲ
ရှင်နှောင်းအတွက် ခံစားရတာ နာကျဉ်းရတာ မုန်းတီးရတာတွေထက်
ထုံပေပေနဲ့ဗလာသက်သက်ခံစားချက်မဲ့သွားတာမျိုးကလေးလေး နာမည်ကို သူမ ဘဝ လို့ပေးခဲ့သည်
သားလေးကက သူမနဲ့ တစက်မှမတူ
ကော့ကော့ဆင်းဆင်းမျက်တောင်လေးတွေနဲ့
အကို့လို မျက်လုံးအညိုရောင်လေးကို သားလေးကထပ်တူရထားသည်
ကြုံရာအလုပ်သူမဝင်လုပ်သည်
တော်တော်များများလူတွေကရှင်နှောင်းကိုပြောသည်
သားလေးမျက်နှာကဥပဓိရုပ်အရမ်းရှိတယ် သဌေးရုပ်လေးတဲ့
အဲ့လိုပြောတိုင်းရှင်နှောင်းသဘောကျမိသလိုအကိုသာသားလေးကိုမြင်ရင်ချစ်မှာပဲလို့မရဲတရဲမျှော်လင့်ချက်လက်ကျန်ဖြင့်တွေးမိသေး
မေ့ထားလျက်နဲ့ အကို့ကိုတချက်တချက်သတိရမိသည်
သားလေးအတွက်ဆိုတဲ့စိတ်နဲ့သူမရှင်သန်ဖို့ကြိုးစားသည်
သားလေးကသူမရဲ့ အသက်ရှင်ရမဲ့ နောက်ဆုံးမျှော်လင့်ချက်
ESTÁS LEYENDO
Hope (မျှော်လင့်ခြင်း)
Romanceအိမ်နဲ့အဝေးကြီးမှာ....... သူစိမ်းတွေရဲ့အလယ် ရှင်သန်ဖို့ကြိုးစားရတဲ့ရှင်နှောင်း ရက်စက်ယုတ်မာတဲ့လောကြီးမှာ အချစ်ဆိုတဲ့အရာနဲ့တွေ့ခဲ့တဲ့အခါ မိန်းမငယ်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားကအနိုင်ရမလား ရက်စက်တဲ့လောကကြီးကပဲအနိုင်ရမလား.... လူတွေဖြတ်သန်းရတဲ့ဘဝကိုယ်...