သတိရခြင်းများစွာ

2.3K 29 0
                                    

လေပြေနုအေးအေးလေးအခန်းပြတင်းပေါက်ကိုဖြတ်သန်းဝင်ရောက်လာခဲ့စဉ်
သူမမျက်လုံးလေးများမှေးစင်းကာခံစားလိုက်သည်
လူတွေရဲ့ပူလောင်မှုတွေ မျက်ရည်တွေ သောကတွေ.....
အားလုံးဒီလိုလေနုအေးလေးကြောင့်ချွေးသိပ်နိုင်ခဲ့တယ်လေ

ကျွန်မဘဝရဲ့လေနုသွေးလေးကတော့.....
ဖန်ဂေါ်လီလုံးလေးကဲ့သို့လင်းလက်တောက်ပနေတဲ့မျက်လုံးညိုလေးတွေ....
​ကျွန်မနဲ့လုံးဝမတူတဲ့ ကော့ဆင်းနေတဲ့ မျက်တောင်ရှည်ရှည်လေးတွေ....
ဖူးပြီးနီရဲနေတဲ့ နှုတ်ခမ်းလေး နဲ့ သားလေး

သားလေးရဲ့မျက်ဝန်းတွေမြင်ရင်လေ
တစ်ချိန်ကသူမကိုမျက်လုံးရွဲကြီးနဲ့ကြည့်တက်တဲ့ တစ်စုံတစ်ယောက်ကိုဖြတ်ခနဲသတိရသွားခဲ့သည်
အကို............ပါးစပ်ကရေရွတ်မိရင်း

မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလာတာကို သုတ်ပစ်ရင်းနဲ့.........

အကို့ကိုသတိရတဲ့
သတိရခြင်းတွေသာမျက်ရည်တွေအဖြစ်ပြောင်းလဲခွင့်သာရှိရင်
ရှင်နှောင်းရဲ့မျက်ရည်တွေကမြစ်တစ်စင်းပမာစီးဆင်းနေလောက်ရောပေါ့

Hope (မျှော်လင့်ခြင်း)حيث تعيش القصص. اكتشف الآن