Chapter-4 : SNOW in desert

5 1 12
                                    

4

မိမိစားမည့် Salad ထဲတွင်ပါသော ကြက်သွန်များကိုတစ်မျှင်ချင်းအသေအချာဖယ်နေသည့် နေ့သစ် ကိုသူမငေးကြည့်နေမိတယ်။

မိမိအားထုတ်မှုကိုမိမိကျေနပ်အားရစွာ အောင်နိုင်သူအပြုံးပြုံးရင်း ခေါင်းမော့လာတဲ့ နေ့သစ် သူမမျက်လုံးတွေမြင်တော့ အနည်းငယ်ချွေးကျသွားသလို....

"Selene ဘာလို့လဲ ..." သူမ က ဘာမှမပြော ပြုံးရင်းခေါင်းအသာခါပြတယ်။ မေး​လးထောက်လိုက်ပြီး မျက်လုံးလေးများမှေးကျဉ်းကာ
"ကောင်လေးတစ်ယောက် တော်လှချည်လားပေါ့......" သူမစကားကို နေ့သစ်ကမလုံမလဲရယ်၏။

"ဘာလို့များလဲကွာ...."

Selene ကပုခုံးတွန့်တယ် "ကိုကို က ဘာတွေကိုလန့်နေတာလဲ...."

နေ့သစ် ဘာမှမပြောတော့ သူမရှေ့ထံပန်းကန်ပြန်ချပြီး တစ်သျှူးလေးယူခေါက်ပေးလိုက်ရင်း
"ကိုယ့်ကောင်လေးချောလွန်းလို့ငေးတယ်ပဲ မှတ်လိုက်ပါတော့မယ်.." မလွယ်ကူသောစကားများကို ချောမွေ့အောင်ပြောရင်း နေ့သစ်စိတ်ထဲကတင်းကြပ်မှုကိုဥပေက္ခာပြုလိုက်တယ်။

"..အင်း ကိုကို က Selene ကြိုက်တာ မကြိုက်တာကို တော်တော်မှတ်မိတယ်နော်.."

"မှတ်မိတာပေါ့...."
မှတ်မိတာမှ .. အသေးစိတ်၊ တစ်ချက်ချင်း.....။

"RS တွေအဲ့လိုပဲရိုနေမယ်ဆိုရင် ငါထွက်ပြေးတော့မှာနော်။" Suwa ကမျက်စိစပါးမွှေးစူးဟန် မျက်မှောင်ကျုံ့လျက်ဆိုသည်။

Melody ကတော့ သူ့စကားကိုရယ်ရင်း "မောင်ကြီးကအထီးကျန်ဘဝကိုမငြီးငွေ့သေးဘူးလား မောင်ကြီးရဲ့"

"ငြီးငွေ့တာပေါ့နှမတော်လေးရယ် နှမတော်လေးများ အဖော်ပြုလေမလား ..." Suwa က ဟန်ပါပါနဲ့ Melody မေးဖျားလေးကိုပင့်ရင်းပြန်ပြောတယ်။
ဒီဒီ က မျက်လုံးလေးများကွေးတတ်သွားအောင် ဆက်ပြုံးနေရင်း
"ဒါဆိုရင်တော့ .... စိတ်မကောင်းစွာ ငြင်းပါရစေ ၊ နှမတော်လေးကဆိုင်သူရှိတယ်ရှင့်" ဟုငြင်းကာ Suwa လက်ပေါ်မှနေ မျက်နှာကိုဖယ်ခွါလိုက်၏။
တကယ်က အလယ်တန်းတက်စဉ် Suwa မှ Melody ကိုချစ်ရေးဆိုဖူးကာ အငြင်းခံရဖူးလေသည်။ သို့သော် လူငယ်ကာလစိတ်လှုပ်ရှားမှုဟာ စနောက်မှုကြား ရယ်မောပစ်ရင်တောင်မှ နာကျင်စရာမရှိအောင် ပေါ့ပါးခဲ့သော စိတ်ခံစားချက်ဖြစ်၍သာ တော်တော့၏။ အချင်းချင်းကြားတင်းမာမနေ။

C.O.S.M.O.SHikayelerin yaşadığı yer. Şimdi keşfedin