တင်!
ထုံးစံအတိုင်း ဝင်လာသော msg သံကြောင့် ရတု နိုးသွားခဲ့ပြီ
"Morning !"
ထို msg က မောင့်ဆီကမဟုတ် ။
ထိုအချိန်မှာပင် မောင့်ဆီက ဖုန်းဝင်လာတာကြောင့် ရတု ကိုင်လိုက်သည်
"ဟယ်လို!"
"နိုးပြီလား?? မောင့်အသည်းလေး..
မနက်စာ စားရအောင် အပြင်ထွက်ခဲ့လေ"ဆူိသော စကားကြောင့် အံ့သြသွားရကာ
"မောင် မောင် အခု ဘယ်မှာလဲ??"
"မောင် ရွှေမူဆယ်မှာ..."
ရတု အံ့သြသွားပေမယ့် ပြကဒိန် ကို ကြည့်မိမှ သဘောပေါက်ရသည်
ဒီနေ့က စနေနေ့ဘဲ ! မောင် ပြောခဲ့တာ ပိတ်ရက်တိုင်း ရတု ဆီလာမယ် လို့ ။
ရတု အင်္ကျီ အဝတ်အစားလဲပြီး ရွှေမူဆယ် သို့ ထွက်လာခဲ့တော့ မောင့်ကို အဆင်သင့်တွေ့ရသည်..
တစ်ယောက်တည်းတော့မဟုတ်... မောင့် ဘေးမှာ မတ်တပ်ရပ်ကာ ကောင်မလေးတစ်ယောက် က စကားပြောနေသည်...
ကြည့်လိုက်တာနဲ့ လုံးဝ အလန်းစားလေး...
မောင် က ခေါင်းရမ်းကာ တစ်ခုခု ငြင်းဆန်နေပုံပင်။
ရတုကို မြင်တာနဲ့ မောင်က လက်လှမ်းပြတော့ ထိုကောင်မလေးကလည်း လှမ်းကြည့်လေသည်..
ရတု ခေါင်းညိတ်ပြလိုက်ပြီး မောင့်ဆီသွားလိုက်တော့
ကောင်မလေးက ဖိတ်စာလို စာတစ်စောင် ကို စားပွဲပေါ်တင်လိုက်ကာ"အကို့ သူငယ်ချင်းကိုကော ခေါ်ခဲ့ပါ..
စောင့်နေမယ်နော် "ဆိုကာ ထွက်သွားတော့သည်..
ကောင်မလေးက ရတုကို တစ်ချက်ကြည့်သွားကာ ခပ်တည်တည် ထွက်သွားတာကြောင့် ရတု စိတ်ထဲဘဝင်မကျဖြစ်သွားကာ
"ဘယ်သူလဲ??"
မောင်က ခေါင်းရမ်းပြရင်
"မသိဖူး...ခုမှ တွေ့ဖူးတာ""ခုမှ တွေ့ဖူးတာ ?? ဒါဆို ဒါက ဘာလဲ??"
ရတုက စားပွဲပေါ်က ဖိတ်စာကို ညွှန်ပြလိုက်တော့ မောင်က ချက်ချင်း ကောင်ယူပြီး အမှိုက်တောင်းထဲ ပစ်လိုက်ကာ
YOU ARE READING
မောင် (the haunted love)
Romanceအကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ... အကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ...