ထိုနေ့က ဖုန်းဆက်ပြီးနောက်မှာ ရတုဆီကို ရွှေရည်ကော
htut ကော ဖုန်းလုံးဝ မဆက်ခဲ့တော့..."ဟဲ့ နင့် ရဲ့ ရွှေရည်ကော ဖုန်းမဆက်တော့ဖူးလား??"
"ဟင့်အင်း "
"ဒါဆို ဒီဇာတ်လမ်းလေး အဆုံးသတ်သွားပြန်ပြီ ထင်တယ် "
ရတု ဘာမှမပြောဘဲ ပုခုံးကို တွန့်ပြလိုက်သည်။
သူ သူဇီ ကို အကုန်ပြောပြတတ်ပေမယ့် ဘာကြောင့်ရယ်မသိ htut သူ့ဆီကို ဖုန်းဆက်တဲ့အကြောင်းကိုတော့ မပြောပြဖြစ်ခဲ့...
တစ်ပတ်လောက်အကြာ မေ့မေ့ပျောက်ပျောက်ဖြစ်နေသောအချိန်မှာ အမည်မသိဖုန်းနံပါတ်တစ်ခု ဝင်လာခဲ့သည်။
ဘယ်သူ့ဆီကဆိုတာ သိနေမိသလို....
"ဟယ်လို !"
"ဟယ်လို ရတု ဘာလုပ်နေလဲ??"သူထင်နေခဲ့သလို htut ဘဲ
"ထမင်းစားနေတာ "
"အော် ဟုတ်တာဘဲ... အခုက ထမင်းစားချိန်နော်..
ဘာဟင်းနဲ့စားလဲ??""ငါ ဘာဟင်းနဲ့စားတာ မင်းကို ပြောပြမှရမှာလား??"
"ဟင့်အင်း ! မဟုတ်ပါဖူး...ကျတော်က ရတု နဲ့ ပတ်သတ်တာ အားလုံးသိချင်နေလို့ "
ရတု မျက်မှောင် ကုတ်သွားမိရင်း
"htut မင်းငါ့ကို ဘာလို့ ဖုန်းတွေ ဆက်နေတာလဲ??
ပြီးတော့ မင်းငါ့ကို ဘယ်လို သဘောထားနေတာလဲ??"တစ်ဖက်ကတိတ်နေပြီးမှ
"ရတုကော ကျတော် ရတုကို ဘယ်လိုသဘောထားတယ် ထင်လို့လဲ??"
"မင်းက ဂေးလား??"
ပြန်ဖြေသံမကြားရတော့ ရတု စိတ်မရှည်စွာ
"ငါမေးနေတယ်လေ... မင်း ငါ့ကို ကြိုက်နေတာလား??"
htut က ပြန်မဖြေတော့
"မင်းမဖြေရင် ငါဖုန်းချလိုက်တော့မယ် "
"ကျတော်က ရတုကို သဘောကျနေတယ် ဆိုရင်ကော..
ရတု ကျတော့်ကို စဉ်းစားပေးမှာလား??""ဘာ! ငါက မင်းညီမ နဲ့ ဇာတ်လမ်းရှိတာ သိတယ် မဟုတ်လား??"
"သိတယ် ! ကျတော် ရွှေရည် နဲ့ ပြောပြီးသွားပြီ"
ESTÁS LEYENDO
မောင် (the haunted love)
Romanceအကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ... အကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ...