အခန်း ၁

14.3K 828 19
                                    

ရတု အရှေ့က ကွန်ပျူတာကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်သည်။

သူ့ကို ကြည့်နေသော သူဇီ က မြင်သွားကာ

"ဟဲ့ ဘာတွေ ပြုံးနေတာလဲ??  ဘာလဲ ??
ကောင်မလေးက အဖြေပေးလိုက်တာလား??"

"မဟုတ်ပါဖူးဟာ...ငါနဲ့ people ကနေ ခင်လာတဲ့ ကောင်မလေးလေ...
ရွှေရည်ခင် ဆိုတဲ့ ကောင်မလေး..
သူက အခု မန်းလေးကို ရောက်နေတာမို့ အပြင်မှာ တွေ့ရအောင်တဲ့ "

"ဟယ် တစ်ကယ်လား ?? ပြောစမ်း အဲ့ကောင်မလေးက လှလား??"

"မသိဖူးလေ...ငါလည်း တစ်ခါမှ မတွေ့ဖူးသေးဖူး "

"ဒါဆို နင် ဘယ်လို လုပ်မှာလဲ?? တွေ့မယ်လို့ ပြောလိုက်လား??"

"ငါ သူနဲ့ စကားပြောရတာတော့အခြားသူတွေထက် ပိုအဆင်ပြေတာကြောင့် တွေ့တော့တွေ့ချင်တယ်...
ဒါပေမယ့် ငါ တစ်ခါမှလည်း အွန်လိုင်းက လူတွေနဲ့
မတွေ့ဖူးတော့ အဆင်ပြေပါ့မလားလည်း စိတ်ပူတယ် "

"ဒါနဲ့ ကောင်မလေးကကော... နင့်ကို ဘယ်လိုလဲ??"

"အင်း! သူ ငါ့ကို ကြိုက်တယ် လို့ ပြောထားတယ်...
ငါကတော့ မပြောတတ်သေးဖူး...သူနဲ့ ဖုန်းပြောရတာတော့ ကြိုက်တယ် "

"ဒါဆို ဘာလုပ်နေလဲ ?? လက်ခံလိုက်လေ....
အပြင်မှာ တွေ့ကြည့်... မကြိုက်တော့လည်း သူငယ်ချင်းလိုဘဲ ဆက်၍ ခေါ်မည်ပေါ့ဟယ်
ရှုံးစရာမှမရှိတာ.. "

"အင်း! "

ရတု သူဇီကလည်း မြောက်ပေးနေတာမို့ တစ်ဖက်ကို တွေ့မယ့်အကြောင်းစာပြန်လိုက်သည်။

သူမကလည်း မနက်ဖန် တွေ့ရန် အဆင်ပြေလား ပြောတော့ သူလက်ခံလိုက်သည်။

"ဘာတဲ့လဲ??"

"မနက်ဖန် ညနေ ၃ နာရီ easy way မှာ တွေ့မယ်တဲ့
သူငယ်ချင်း နှစ်ယောက်နဲ့ သုံးယောက်လာမယ်တဲ့ " 

"ဒါဆို ငါလည်းလိုက်မယ် "

"ကောင်းပါ့မလား?? တော်ကြာ မိန်းကလေးပါလာလို့ဆိုပြီး တစ်မျိုးထင်နေဦးမယ်... "

"မေးကြည့်ပါဦး !"

ရတု မေးလိုက်တော့လည်း ဟိုဘက်က ok ဆိုတာနဲ့ သူတို့လည်း မနက်ဖန် တွေ့ရန် အဆင်ပြေသွားခဲ့သည်။

မောင် (the haunted love)Where stories live. Discover now