ရတုမှာ မနေ့ကကိစ္စကြောင့် မနက်နိုးလာတဲ့ထိ တစ်အုံ့နွေးနွေး ဖြစ်နေတုန်း..
တစ်ကယ်ဆို မောင်ဒီကိစ္စကို မကျေနပ်ရင် သူနဲ့ ရန်ဖြစ်လို့ရတယ်လေ..
ဒါပေမယ့် မောင်က ဘယ်တော့မှ သူနဲ့ ရန်ဖြစ်မှာမဟုတ်...
ရတု လေသံက အနည်းငယ်မာလာတာနဲ့ မောင်က ထိုကိစ္စကို အမြဲလျှောချတတ်သည်လေ
တင်
"ရတု နိုးပြီလား??"
"အင်း"
ရတု အကြောင်းပြန်လိုက်တာနဲ့ မောင်က ဖုန်းခေါ်လေသည်
"မောင့် အသည်းလေး အိပ်ရေးဝရဲ့လား??"
"အင်း!!"
"ရတု မောင်ပြောစရာရှိလို့!
မောင် ဒီအပတ် ရတုဆီ မလာဖြစ်ဖူးထင်တယ်""ဘာဖြစ်လ်ို့လဲ??"
"မောင့်အကိုတစ်ယောက်က မောင့်ကို ကလော ကို ခေါ်နေတာ.
အဲ့အကိုက အခုမှ နိုင်ငံခြားက ပြန်လာတာလေ..
မောင်တို့ မတွေ့တာ ကြာပြီဆိုတော့ ""အင်း! သွားလေ...ကောင်းကောင်းပျော်ခဲ့""
"ပျော်တော့ပျော်မှာမဟုတ်ဖူး..ရတုမှ ဒီမှာမရှိတာ"
"တစ်ပတ်တစ်လေဘဲလေကွာ...ဘာတွေ အဖြစ်သည်းနေတာလဲ?"
"ရတု ! မောင့်ကို ချစ်တယ်ပြော"
"မပြောချင်ပါဖူး"
ရတု အကျင့်ကပြော ဆို ဘယ်တော့မှမပြော..
"ဒါပေမယ့် မောင်ကတော့ ပြောမယ် !
မောင် ရတုကို အရမ်းချစ်တယ်""ငါ သိပြီ ! ဒါဘဲ!!"
ဖုန်းချပြီး ရတု ပြုံးနေမိသည်..
ဒါပါဘဲ...အခုတော့ ရတု စိတ်ပြေသွားပြန်ပြီလေ
ဒီတစ်ပတ်တော့ ဟိုကောင်တွေနဲ့ ကောင်းကောင်းကဲရမယ်။
စနေ နေ့မှာတော့ မောင် ကလော ကို ရောက်သွားပြီ
ရတုကတော့ သူဇီနဲ့ ချမ်းမြေ့နဲ့ အတူ ရုပ်ရှင်ကြည့်ရန် တန်းစီနေစဉ် မောင့်ဆီက ဖုန်းဝင်လာခဲ့သည်
မောင့်အသံက အရမ်းကို တတ်ကြွနေတာမို့ မောင်အရမ်းပျော်နေပုံပင်..
أنت تقرأ
မောင် (the haunted love)
عاطفيةအကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ... အကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ...