အခန်း ၁၆

4.7K 542 68
                                    

ရတု သင်တန်းးကို လာတဲ့လမ်းမှာ တတ်ကြွနေလေသည်

အဘယ်ကြောင့်ဆို သင်တန်းမှာဒီနေ့ ခွင့်တိုင်ပြီး မောင့်ဆီ လိုက်သွားမယ်လေ

သင်တန်းပြီးတဲ့ထိ တတ်လိုက်ပြီး ဆင်းမှ ဆရာမ နားမှာ တစ်ပတ်ခွင့်ယူလိုက်သည်

သူ ခွင့်ယူနေတုန်းမှာဘဲ သွန်းနဲ့ တရုတ်ကြီးက ဘေးနားရောက်လာကာ

"ကိုရတု ခွင့်တိုင်နေတာလား?? ဘယ်သွားမလို့လဲ??"

ရတု သူတို့ကို ပြုံးပြလိုက်ရင်း

"ကျတော့် ချစ်သူဆီသွားမလို့ "

"ကိုရတု နားမှာ ချစ်သူရှိတယ်ပေါ့..ကြည့်ရတာ တော်တော်ချစ်ပုံဘဲ"

"ဘာလို့ အဲ့လိုပြောတာလဲ??"

"ဟင် ကိုရတု မျက်နှာမှာ ရေးထားတယ်လေ...အရမ်းချစ်တယ်လို့"

"ဗျာ"

ရတု ယောင်ရမ်းကာ မျက်နှာကို ပွတ်လိုက်မိသည်
"စတာပါ.. ကိုရတုရဲ့.. ကိုရတု မျက်နှာက ဒီလောက်ပြုံးနေတာကို."

ရတု ခေါင်းကို ဖွဖွကုတ်လိုက်ရင်း ငုံ့ချလိုက်သည်

*ဒီလောက်တောင်သိသာနေပြီလား?*

"ကိုရတု ခရီးမသွားခင် ကျတော်တို့နဲ့ ဘုံကျောင်းလိုက်ပြီး ဗေဒင်မေးချင်လား?? ကိုရတု ချစ်သူအကြောင်းလည်း မေးလို့ရတယ်"

ထိုစကားကြောင့် ရတူ နည်းနည်းစိတ်ဝင်စားသွားသည်

"ဗေဒင်လား??"

"အင်း ဟုတ်တယ်.. ဘုံကျောင်းမှာ ရိုးရာဗေဒင်ဟောတဲ့သူရှိတယ် အရမ်းမှန်တာ... လိုက်ခဲ့ပါလား??"

ရတု ခေါင်းညိတ်ပြလိုက်သည်..
သူက ဗေဒင်ဆို စိတ်ဝင်စားတယ်လေ

"မနေ့က သွားမယ်လို့ပြောခဲ့သလာလို့ မသွားဖြစ်ဖူးလား??"

"ဟုတ်တယ် ကျတော့်အိမ်က ခိုင်းစရာရှိလို့ ပြန်ခေါ်သွားတာနဲ့"

"အော်"

ရတုတို့ စကားတစ်ပြောပြောဖြင့် ဘုံကျောင်းထဲရောက်လာခဲ့သည်

သူတို့ အရင်ရှိခိုးကြပြီး ဗေဒင်မေးရန် ရောက်လာခဲ့ကြသည်

မောင် (the haunted love)Opowieści tętniące życiem. Odkryj je teraz