နေပြည်တော်ကို ပုံမှန်ဆို ည ၆ခွဲ ၇ နာရီလောက် ရောက်ရမယ့်ခရီးမှာ လမ်းမှာ အတင်အချကြာနေတာကော ဘီး နှစ်ခါ ပေါက်တာကော ရောကာ ည ၉နာရီလောက်မှ ရောက်လာခဲ့သည်
မောင်က သူ့ကို မက်ဆေ့ မပို့ပေမယ့် သူကတော့ ဘယ်ရောက်နေပြီ ဘာလုပ်နေပြီ အသေးစိတ်မောင့်ကို ပို့ထားခဲ့သည်
မောင့်ဆီက reply ပြန်မလာသော မက်ဆေ့တွေကိုကြည့်ပြီး မောင် သူ့ဆီ အရင်တုန်းက မက်ဆေ့တွေ တစ်ချိန်လုံးပို့နေခဲ့ချိန်မှာကော ဒီလိုခံစားခဲ့ရလား??
အခုတော့ တစ်ယောက်ယောက်ကို ချစ်ရတာ ဘယ်လောက်ပင်ပန်းလည်း သူသိလာခဲ့ပြီထင်တယ်..
"မောင် ငါရောက်ပြီ "
မက်ဆေ့ ပို့ပြီး သူ့ကိုလာမေးသော ကယ်ရီသမားကိုသာ မောင်ပို့ခဲ့သော လိပ်စာ ပြောကာ ငှားလိုက်သည်
ဈေးတည့်သွားတာနဲ့ ရတုလည်း ဆိုင်ကယ်နောက်မှာ တတ်ထိုင်လိုက်သည်
ကယ်ရီသမားက ရှေ့ကမောင်းနေရင်း
"ညီလေးက ရန်ကုန်ကလား??"
"ဟုတ်တယ်ဗျ"
"နေပြည်တော်ကိုအရင်က ရောက်ဖူးလား??"
"မရောက်ဖူးဖူး ဗျ ဒါပထမဆုံးဘဲ"
"ဟုတ်လား?? အင်း ဒီမှာက ရန်ကုန်ထက်တော့ နေရတာ ကျယ်ကျယ်ဝန်းဝန်းရှိတာတော့ကောင်းတယ်"
ရတုက ကယ်ရီသမား အမေးကို မဖြေဘဲ ပြုံးယုံသာပြုံးလိုက်သည်
"ကောင်မလေးဆီလာတာလား??"
"ဘာလို့ ဒီလိုပြောတာလဲဗျ"
"အော် ညီလေးပုံက ကြည့်တာနဲ့ သိသာလို့လေ..."
ဆိုင်ကယ် ကယ်ရီသမားက စကားများပေမယ့် ခင်စရာတော့ကောင်းသည်...
သူ စကားများနေတာနှင့် ဘယ်လိုရောက်လာမှန်းပင် မသိလိုက်။သူက ရတူ ပြောသော လိပ်စာအတိုင်းမောင်းလာရင်း ၂ထပ်အိမ်တစ်လုံး ရှေ့မှာ ရပ်သွားလေသည်
"ဒီနေရာဘဲ ညီလေး."
အိမ်က တစ်အိမ်လုံး မှောင်မဲနေတာကို ကြည့်ပြီး
"ဒါမယ့် ဒီနေရာက လူမရှိဖူးထင်တယ်.. ညီလေး လိပ်စာများမှားနေလား??"
DU LIEST GERADE
မောင် (the haunted love)
Romantikအကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ... အကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ...