မောင် စာဖတ်ပြတာကို နားထောင်ရင်း ဘယ်အချိန်ကတည်းကအိပ်ပျော်သွားမှန်း မသိဘဲ အပြင်က မိုးသံတစ်ဖြောင်းဖြောင်းကြောင့် ရတု လန့်ကာ နိုးလာခဲ့သည်
မောင်က သူ့ကို ကျောပေးကာ အိပ်နေတာကြောင့် မောင့် အနားကိုတိုးကာ မောင့်ကို ဖက်အိပ်ရန်ပြင်လိုက်သည်
သို့သော် မောင့်ကို ဖက်လိုက်ချိန်မှ စိုစွတ်သွားသောအရာတွေကြောင့် ရတု ကိုယ့်လက်ကို ကြည့်လိုက်သည်
စေးပြစ်ပြစ်နဲ့မို့ သူမျက်မှောင်ကုတ်လိုက်မိပြီး ထိုအရာတွေကို နမ်းကြည့်လိုက်သည်
သွေးညှီနံ့လိုဘဲ!
ထိုအချိန် ဂျိန်း ဆိုသော အသံနှင့် အတူ လျှပ်စီးတစ် ချက်လက်သွားချိန်မှာတော့ အိပ်ယာပေါ်ကအရာ အလုံးစုံကိုသူမြင်လိုက်ရသည်
အိပ်ယာတစ်ခုလုံးက သွေးတွေဖြင့်နီရဲနေကာ သူ့ဘေးမှာ အိပ်နေသော မောင်ကလည်း သွေးတွေဖြင့် ဖုံးလွမ်းနေသည်
အား!!!
"ရတု ! ရတု!"
ရတု မျက်စိကို စုံမှိတ်ကာ အော်နေမိစဉ် ပုခုံးကိုလှုပ်ကာ ခေါ်နေသောမောင့်အသံကြောင့် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်
မောင်က သူ့ကိုစိုးရိမ်တစ်ကြီး ခေါ်နေကာ သူမောင့်ကိုကြည့်လိုက်တော့ မောင့်မှာ ဘာသွေးမှရှိမနေ။
"ရတု အိမ်မက်ဆိုးတွေ မက်နေတာလား??"
အိမ်မက်?? သူ အိမ်မက်ဆိုးမက်နေတာလား??
မောင့်ဆီက စိုးရိမ်နေသောမျက်ဝန်းတွေကြောင့် သူအိမ်မက်မက်နေတယ်ဆိုတာ သိလိုက်ကာ မောင့်ရင်ခွင်ထဲဝင်ပြီး မောင့်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်
"ငါ ငါ မောင့်ကို သွေးတွေနဲ့ ဖုံးလွှမ်းနေတယ်လို့ အိမ်မက်မက်နေတာ.."
မောင်က ရတုကို ဖက်ထားကာ ဆံပင်တွေကို ပွတ်သပ်ပေးနေရင်း
"ဒါက အိမ်မက်ပါဘဲ!"
"ငါကြောက်တယ် မောင်! ငါ မင်းတစ်ခုခုဖြစ်မှာကြောက်တယ်"
"မောင် အခု ရတုဘေးမှာရှိနေတာဘဲမဟုတ်လား??"
YOU ARE READING
မောင် (the haunted love)
Romanceအကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ... အကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ...