အခန်း၁၄

4.5K 508 35
                                    

သူတို့ လမ်းခွဲပြီး ၃လကြာတဲ့ထိ မောင်က မက်ဆေ့တွေပို့ကာ ပြန်တွဲဖို့ပြောခဲ့ပေမယ့် ၃လကြာပြီးနောက်ပိုင်းမှာတော့ မောင့်ဆီက မက်ဆေ့စ် တွေကော ဖုန်းတွေကော ဝင်မလာတော့ပါ

မောင် တစ်ကယ် သူ့ကို လက်လျော့သွားပြီ ထင်ပါရဲ့။

~~~~~~~~~~~~~~~

၃ နှစ်ကြာပြီးနောက်>>>>>

ရတုက ကျောင်းမှာ B tech မပါခဲ့တာမို့နောက်ပိုင်းမှာ သူတတ်ချင်တဲ့ ဒီဇိုင်းကျောင်းကို တတ်ဖို့ အဖေက ခွင့်ပြုခဲ့သည်...

ထိုအချိန်ကစ၍ ရတု တစ်ယောက်တည်း ရန်ကုန်မှာ နေခဲ့ကာ

တစ်ခါတစ်လေ မောင်နဲ့များ မတော်တဆ တွေ့ခဲ့ရင်ဆိုသော အတွေးတွေ ခနခန ဖြစ်ခဲ့ပေမယ့် ရန်ကုန်မှာ နေတဲ့ ၂နှစ်အတွင်း မောင်နှင့် တစ်ခါလေးတောင် မဆုံခဲ့ပါ

တစ်ကယ်က မောင်နှင့် ပျက်ပြီး နှစ်လကျော်ကျော်လောပ်မှာ သူ့စိတ်ကိုသိချင်တာကြောင့် ချယ်ရီသူနှင့် သူ တွဲခဲ့သေးသည်

သူတို့တွဲခဲ့တာ ၁ ပတ်မျှသာ ကြာမြင့်ခဲ့ပေမယ့် ထိုတစ်ပတ်အတွင်းမှာ သူ ဘယ်လောက်ကို မောင့်အပေါ်မှာ နက်နက်ရှိုင်းရှိုင်းနစ်ဝင်နေခဲ့လဲသိခဲ့ရသည်

ချယ်ရီသူနှင့်သူ လမ်းခွဲပြီးကာစမှာ သူမောင့်ကို စကားပြောချင်တာကြောင့် သူ့ဖက်က ဖုန်းခေါ်ခဲ့ပေမယ့် မောင်က မကိုင်ခဲ့သလို ထိုအချိန်ကစ၍လည်း သူ့ကို မဆက်သွယ်လာတော့ပါ။

ကျန်နေသော မာနတွေနဲ့အတူ သူလည်း ထိုအချိန်မှစ၍ မောင့်ကို မဆက်သွယ်ခဲ့တော့။

"ရတု ပြန်လာပြီလား??"

"ဟုတ် ပြန်လာပြီဗျ"

ရတုသင်တန်းကနေ အိမ်သ်ို့ပြန်ရောက်ကာ သော့ဖွင့်နေစဉ် အရှေ့ခန်းက ကိုသူရ ကနှုတ်ဆက်တော့ ရတုလည်း ပြန်နှုတ်ဆက်လိုက်သည်

"ရတုဆီ နေ့လည်က ကောင်လေးတစ်ယောက် ပစ္စည်းလာပို့နေတာတွေ့လို့ အကို ယူထားပေးတယ်"

ဆိုကာ ပါကင်ပိတ်ထားသော ဗူးလေး လှမ်းပေးလေသည်

ရတု ကျေးဇူးတင်ကြောင်းပြောပြီး ပစ္စည်းကို လွှဲယူလိုက်သည်

မောင် (the haunted love)Donde viven las historias. Descúbrelo ahora