ရတု မနက်နိုးတော့ ခေါင်းတွေ တစ်စစ်စစ် ကိုက်နေကာ နိုးလာတာနဲ့ ထိုးအန်တော့သည်
အန်ပြီးလည်း မသက်သာတာကြောင့် အိပ်ယာပေါ်မှာ ပေတေပြီး အိပ်ပစ်လိုက်သည်
တစ်ခေါက် Hangover ဖြစ်တာ အီစောင့်နေတာဘဲ
Hangover ဖြစ်နေတဲ့ကြားက မောင့် မက်ဆေ့ကိုစစ်လိုက်တော့ ဘာမက်ဆေ့မှ မရောက်ထားသလို ဖုန်းလည်းမဝင်ထား.."ပြောတော့ ရန်ကုန်မှာဘဲဆိုပြီး ငါ Hangover ဖြစ်နေမှန်း သိတာတောင် ဖုန်းလေး ဆက်ဖော်မရဖူး"
မောင့်ကို စိတ်တိုနေတာကော မူးဝေနေတာကောပေါင်းကာ တစ်နေ့လုံး လူသေကောင်လို အိပ်ပစ်လိုက်သည်
ည မှောင်လာတော့ မေမေ့ဆီက ဖုန်းဝင်လာတာကြောင့် မေမေနဲ့ ဖုန်းပြောပြီးမှ ရတုလည်း အိပ်ယာထဲက အတင်းကုန်းကာ ထလိုက်သည်
ရေကို စိမ်ပြေနပြေချိုးပြီးတော့ တစ်ကိုယ်လုံးပေါ့ပါး လန်းဆန်းသွားကာ လူလည်း လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာတော့သည်
ရတု အင်္ကျီမဝတ်သေးဘဲ ခေါက်ဆွဲပြုတ်လိုက်ကာ ထိုင်စောင့်နေရင်း ခေါင်းကို သုတ်လိုက်သည်
နာရီကြည့်လိုက်တော့ ၁၂ နာရီတောင် ထိုးတော့မည်
တင်!မက်ဆေ့ ဝင်လာတော့ မောင်..
အခုမှ!ရတု မက်ဆေ့ကို ဖွင့်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိကာ အခန်းထဲလှည့်ပတ်ကြည့်လိုက်သည်
တစ်ခန်းလုံး သူတစ်ယောက်တည်းသာ..
"ရတု အင်္ကျီဝတ်တော့ ဖျားလိမ့်မယ်"
ရတု စိတ်ထဲ တစ်မျိုးဖြစ်သွားရသည်...
"မောင် မင်းဘယ်မှာလဲ?? ဘယ်လိုလုပ် ငါ အင်္ကျီမဝတ်ထားဖူးဆိုတာ သိနေတာလဲ???"မောင့်ဆီက ခနအကြာမှ မက်ဆေ့ ပြန်ဝင်လာခဲ့သည်
"မောင် ခန့်မှန်းကြည့်တာ"
ဖြစ်နိုင်လို့လား?? မောင်က ခန့်မှန်းတာဆိုပေမယ့် မသိရင် သူ့အနားမှာ ကြည့်ပြီး ပြောနေသလိုဘဲ
"မောင် မင်းဘာလို့ ငါအိပ်ခါနီးမှ ငါ့ကို မက်ဆေ့ပို့တာလဲ??
နေ့လည်တွေပို့လို့ရတာဘဲ မင်းဘာလုပ်နေလဲ??"
ESTÁS LEYENDO
မောင် (the haunted love)
Romanceအကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ... အကယ်လို့များ မောင်သေသွားခဲ့ရင်တောင် ရတု အနားမှာ ဝိညာဉ်အဖြစ် ရှိနေမှာ...