""Envol 🦋 နိဂုံးကဗျာ""
🦋🦋🦋🦋🦋🦋🦋🦋Ep..🦋1🦋
မှိုင်း
ကျွန်တော်ရဲ့နာမည်က မှိုင်း..။
ကျွန်တော် အသက် ၇နှစ်သားအရွယ်ကစပြီး ကျွန်တော်ဆီမှာ ထူးခြားဆန်းပြားလွန်းလှတဲ့ အစွမ်းတွေပိုင်ဆိုင်ထား..မှန်း စတင်ပြီးသိခဲ့ရတယ်...။ ...လူတစ်ယောက်ရဲ့လက်ကို ကိုင်ကြည့်ရုံနဲ့..အဲ့လူရဲ့ အတိတ်.. အနာဂတ်.. ဘဝတစ်ခုလုံးကို ပြောပြနိုင်တယ်လို့ ကျွန်တော်ပြောရင် ခင်ဗျားတို့ယုံမလား.။ ခင်ဗျားတို့ယုံသည် ဖြစ်စေ မယုံသည်ဖြစ်စေ..။
အဲ့ဒါဟာ ကျွန်တော်ရဲ့ ဇာတ်ကြောင်းအမှန်ဘဲ..။ တခြား လူတစ်ယောက်ရဲ့ဘ၀နိဂုံးကဗျာကို ကျွန်တော် ကြိုတင် ပြီး သိမြင် ရေးဖွဲ့နိုင်ခဲ့ပေမယ့်..။ ကျွန်တော်ဘဝရဲ့ နိဂုံးကဗျာကိုတော့ ကျွန်တော် ကိုယ်တိုင် ကြိုတင်ပြီး မမြင်နိုင်ခဲ့ပါဘူး...။ ကျွန်တော့်ဘ၀ရဲ့
နိဂုံးကဗျာလေးရဲ့ အဆုံးသတ်က... ပျော်ရွှင်ခြင်းလား ၀မ်းနည်းခြင်းလားဆိုတာ........။
🦋🦋🦋""မှိုင်း..ဒါက..ဒီနေ့ ချိန်းထားတဲ့ လူတွေရဲ့ စာရင်း..""
""Ok..ပထမဦးဆုံးတစ်ယောက်ကို ခေါ်လိုက်တော့လေ..ငါ အဆင်သင့်ဖြစ်ပြီ..""
""အင်း..အဲ့ဒါဆို ဒီစာရင်းထဲက နံပါတ်စဉ် အတိုင်း.ဘဲ ခေါ်လိုက်မယ်နော်..""
""အွန်း...""
မှိုင်း..ပိုင်ပိုင်ကို ပြုံးရင်းခေါင်းညိတ်ပြလိုက်လေသည်
အသက် ၂၆နှစ်အရွယ် ရှိပြီဖြစ်တဲ့ မှိုင်းက..သူပိုင်ဆိုင်ထားသည့်သဘာ၀လွန် အစွမ်းတွေ ကို အသုံးချပြီး..အကြားမြင်ဆရာတစ်ဦးအဖြစ်နှင့် ရပ်တည်ခဲ့လေသည်။
အရမ်းကိုတိကျ မှန်ကန်လွန်းလှသည့် ဟောချက်တွေကြောင့်ဘဲ..မှိုင်း..ဆီကို လာရောက် မေးမြန်းကြသည့် သူတွေ အများပြားရှိလာခဲ့လေသည်။ မှိုင်းအနေနဲ့..မနိုင်၀န်ကိုမထမ်းဘဲ..နေ့စဉ် လူ၁၀ယောက်ကိုသာ ဟောပြောခဲ့လေသည်။မှိုင်းအနေနဲ့ လူတွေရဲ့ အတိတ် အနာဂတ် နောက်ပြီး သေခြင်းတရားတွေကို အာရုံခံရတဲ့ အလုပ်က...သိပ်တော့ လွယ်ကူလွန်းနေသည်မဟုတ်ခဲ့ပေ..။
🌺🌺🌺"ပင်ပန်းသွားပြီလား မှိုင်း..""
""လုပ်နေကျ အလုပ်ဘဲဟာကို..မပင်ပန်းပါဘူး ပိုင်ရဲ့..""
YOU ARE READING
Envol 🦋 နိဂုံးကဗျာ
Romanceလူတစ်ယောက်ရဲ့ လက်ကိုကိုင်ပြီး.. အာရုံခံလိုက်တာနဲ့ အဲ့လူရဲ့ ဘ၀တစ်ခုလုံးမှာ ဘာတွေဖြစ်ခဲ့လဲ.. ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို သိမြင်နိုင်တဲ့..ထူးဆန်းတဲ့ အကြားမြင်အာရုံအစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ မှိုင်း.. အဲ့အစွမ်းတွေကို အသုံးချ ပြီး.. လူတွေကို အကြားမြင်ဟ...