မြင့်မားမတ်စောက် လှတဲ့တောင်တန်းကြီးပေါ်မှာအဖြူရောင် ရှေးခေတ်ဝတ်စုံလေးနဲ့ လူသားလား နတ်သားလားခွဲခြားဖို့ခက်တဲ့ ခန္ဓာ ပိုင်ရှင်လေးဟာတိမ်လွှာတွေရဲ့ကြားမှာ ပနံ ရနေလေရဲ့...
လေတိုက်တိုင်း ဝဲပျံသွားတဲ့ ဝတ်ရုံရှည်တွေရဲ့ နောက်မှာ ဒီလူသားလေးရဲ့ ကိုယ်သင်းနံ့လေးပါ စွဲထင်လို့...
တည်တည်တင်းတင်းမျက်နှာလေးဟာ သူ့အနားကိုရောက်လာတဲ့အရိပ်တစ်ခုကြောင့် အပြုံးမျက်နှာကိုချက်ချင်းပြောင်းလဲသွားတော့တယ်.."စောင့်နေရတာ ကြာပြီလား.." သူနဲ့ဆန့်ကျင်စွာ ဝတ်စုံနက်လေးဝတ်ထားတဲ့လူသားက အနားရောက်ရောက်ချင်းမေးလာတဲ့စကား..
စောင့်ရတဲ့အလုပ်ကို မုန်းတယ်လို့ ပြောဖူးတဲ့စကားကို မှတ်သားထားတဲ့ပုံပဲ..
စောင့်ရတာကို မကြိုက်တာထက် မင်းနောက်ကျမှရောက်လာရင် တွေ့ဖို့အချိန် နည်းတတ်တာကိုမကြိုက်တာ.."ခွင့်လွှတ်ပေးနော်...မွ မွ.."သူဘာမှ ပြန်မပြောရသေးခင် အနက်ရောင်လေးက သူ့ပါးကိုကလေးနမ်းသလိုလာနမ်းနေလေရဲ့...
"အနမ်းဆိုတာ ဒီလို နမ်းရတယ်..."အဖြူရောင်နတ်သားလေးရဲ့ လက်တွေ့ကျကျ လူကြီး အနမ်းကိုသင်ကြားပေးမှုကို အနက်ရောင်လေးက အလိမ္မာဆုံးတပည့် အဖြစ်ခံယူပြီးဆရာစားမချန် သင်ပေးသမျှကို ခရေစေ့တွင်းကျ လိုက်လံမှတ်သားနေလေရဲ့.
လူသားဆိုလို့ ခုအနမ်းခံနေရတဲ့ သူလေးကလွဲလို့ လူသားမရှိတဲ့ တောင်ပေါ်မှာ အခြားနတ်သားတွေမြင်သွားရင်သူ့လူသားလေးရှက်မှာစိုးလို့ အဖြူရောင်လေးက သူ့ရဲ့ အစွမ်းတွေကိုသုံးကာ အလင်းတန်းတွေနဲ့သက်တန့်သဖွယ်နှစ်ယောက်လုံးကို လုံအောင်ခြုံပြီး အနမ်းခရီးဆက်နေလေရဲ့အနမ်းတွေကြောင့် အသက်ရှုကြပ်လာပြီး အဖြူရောင်လေး ရင်ဘတ်ကို လက်နှစ်ဖက်နဲ့တွန်းပြီး တားလိုက်ပြီးတဲ့နောက်မှာတော့....
"ရှောင်ကျန့် ရှောင်ကျန့် ထစမ်း..."အိပ်ရာမထသေးလို့လာနှိုးပေးတာကို လူကိုအတင်းတွန်းလွှတ်နေတဲ့ သားဖြစ်သူကြောင့် ရှောင်ချူး အသံကျယ်ကျယ်လေးအော်ကာ ထပ်နှိုးရတော့တယ်..
ပါးစပ်ကို ဟပြီးလေကို အသဲအသန်ရှုကာ ရုန်းကန်နေတဲ့သားလေးကြောင့် အိမ်မက်တွေမက်ပြီး ယောင်နေတယ်ဆိုတာသိလိုက်ရပြီ..
သားလေးမျက်နှာနားသွားလို့ ပါးလေးကို ခပ်စပ်စပ်လေးပုတ်ကာ အသံကျယ်ကျယ်လေးနဲ့နှိုးလိုက်တော့မှ နိုးလာလေရဲ့..

ESTÁS LEYENDO
My Soulmate.
Fanficကောင်လေးတစ်ယောက်က ညတိုင်းအိမ်မက်ထဲမှာ ကောင်လေးတစ်ယောက်ကိုအမြဲတွေ့နေရတယ်.. အဲ့ကောင်လေးက လူသားမဟုတ်တဲ့ .......😍😍