"နောက်ဆိုမီးမှိတ်ပြီးမအိပ်တော့ဘူးနော်အရူးမလေး"
သူပက်လက်လှန်ထားပြီး
သူ့ရင်ဘက်က tattoo ကိုမှောက်ရက်အနေအထားနဲ့ဂရုတစိုက်ကိုင်ကြည့်နေသောနွေ့ရဲ့ခေါင်းကိုသူသိမ့်ခနဲပုတ်လိုက်သည်သူ့ tattoo ကဖျက်ထားတာမဟုတ်ပဲ သရဲမနှစ်ယောက် ကျောချင်းကပ်နေသည့်ပုံစံဖြစ်သွားသည်
" ဒါဆို သရဲမနှစ်ယောက်ကိုရင်ထဲမှာထည့်ထားမယ်ဆိုတဲ့သဘောပေါ့နော် ကိုမင်းညို"
ခပ်ဆောင့်ဆောင့်ရွဲ့ပြောသောနွေ့ကို သူသဘောကျစွာမျက်ရည်တွေကျသည်အထိရယ်နေသည်
သူရယ်နေတာကို နွေသတိလက်လွတ်ငေးကြည့်နေမိသည်
နွေသူ့အပြုံးတွေကိုဆုံးရှုံးရတော့မလို့တော်သေးတာပေါ့
"ကိုကိုကလေးလေးမွေးပေးပါလားနွေရယ်"
လေပြေအေးလေးနဲ့ပြောတဲ့သူ့ကိုနွေဘာပြန်ဖြေရမလဲ
နွေသူ့ကိုအဆုံးရှုံးမခံနိုင်ဘူး
ကလေးရူးရူးနေတဲ့သူ့ကိုနွေဘယ်လိုငြင်းရမလဲမသိချမ်းသာတဲ့အသိုင်းအဝိုင်းမှာလူတစ်ယောက်ဖြစ်ဖို့တအားများခက်ခဲသလားမသိ
နွေသိသလောက် သူ့ညီမအလတ်လင်မယားကနည်းမျိုးစုံနဲ့ကြိုးစားပေမဲ့ကလေးမရနိုင်တဲ့အတွဲ
သူ့ပုံစံကလည်း
သားအကြီးမို့မျိုးဆက်တာဝန်အရ ကလေးကိုမရရအောင်ယူမဲ့သဘောမှာရှိသည်ကလေးလိုချင်လွန်းလို့များနွေ့ကိုအချိန်တိုအတွင်းလက်ထပ်ခွင့်တောင်းခဲ့လားတောင်နွေမသိခဲ့
နွေဟာနိုင်နေသလိုလိုနဲ့ သူ့ရဲ့အပျော့ဆွဲအကြပ်ကိုင်မှုတွေကြောင့်အမြဲလိုလိုရှုံးရစမြဲ
"နွေသူ့ကိုခေါင်းညိမ့်ပြလိုက်သည်
သူပြုံးပျော်ပြီးနွေ့ကိုတင်းတင်းကျပ်ကျပ်သူ့ရင်ခွင်ထဲဆွဲထည့်ထားလိုက်သည်
"နွေကလေးမထိန်းနိုင်ဘူးနော် မွေးပဲမွေးပေးမှာ"
နွေ့စကားကြောင့်သူနွေ့ကိုငုံ့ကြည့်ရင်း" မထိန်းနဲ့ကွာနွေက၆လလောက်ထိ နို့ပဲတိုက်ပေး
ကလေးကိုကိုထိန်းမယ် ကြီးလာမှ ကလေးကိုမင်းအမေကမိစ္စာမကြီးဆိုပြီး psycho ထည့်မယ်"
သူ့အပြောကအတော်အမြင်ကပ်စရာ ပြောလို့မရဘူးတကယ်လုပ်မဲ့ရုပ်

BẠN ĐANG ĐỌC
Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)
Viễn tưởngအိမ်ထောင်ရေးကိုအယုံအကြည်မရှိတဲ့ နွေဆိုတဲ့ အသက်လက်ပိုင်းအမျိုးသမီး Broken family ဖြစ်ခဲ့တဲ့အတွက် အမှီခိုကင်း....ခေါင်းမာတက်ပြီးမာနကြီးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း အိပ်မက်ဆန်တဲ့အမျိုးသားနဲ့ဆုံလာတဲ့အခါ နွေဘယ်လိုရုန်းထွက်နိုင်မလဲ ပတ်ဝန်းကျင်နဲ့အဖု...