နွေခါတိုင်းလိုပဲမနက်ဆို သော်တာ့ဆီ ပတ်ခေါ်ပြီးမှဆေးရုံကို သွားသည်
ခါတိုင်းလိုပဲစားတယ် သွားတယ်
နွေ့မှာဘယ်အရာမှပြောင်းလဲမှုမရှိ
ဘဝမှာသော်တာနဲ့ပတ်သက်ပြီးနွေတို့ပြသနာဖြစ်ရလိမ့်မယ်လို့နွေတစ်ခါမှမတွေးမိပါအဲ့ဒီ့နောက်ပိုင်းမှာတော့
နွေတို့နှစ်ယောက်ရဲ့သွေးအေးစစ်ပွဲကတကျော့ပြန်စလာခဲ့သည်နွေတို့ရဲ့သွေးအေးတိုက်ပွဲကိုအင်အားပြင်းထန်လာစေတဲ့သူတချို့လည်းပါဝင်လာခဲ့သည်
ထမင်းစားဝိုင်းမှာ အားလုံးငြိမ်သက်စွာထမင်းစားနေတဲ့အချိန်
"မနွေကားပေါ်မှာဟိုနေ့ကပါလာတဲ့ကောင်လေးကအချောနော်"
မင်းညိုရဲ့ညီမအလတ်မှထပြောလိုက်သည်"အဟွတ်..." မင်းညိုရေသီးသွားခဲ့သည်
မင်းညိုရဲ့အမေကသိသိသာသာနွေ့မျက်နှာကိုအကဲဖြတ်ပြီးလှမ်းကြည့်နေသည်
အားလုံးရဲ့အကြည့်တွေကနွေ့အပေါ်ကျရောက်လာသည်
အဲ့ဒီ့အခိုက်အတန့်ကနွေ့အတွက်တော်တော်လေးကြာရှည်နေသလို
မင်းညိုကတော့မျက်နှာကိုအောက်ငုံ့ထားသည်" မနွေရဲ့ငယ်သူငယ်ချင်းပါ... ညီမလေး" နွေအထစ်ထစ်အငေါ့ငေါ့ဖြေလိုက်သည်
" သမီးကအခုအိမ်ထောင်သည်ဖြစ်ပြီဆိုတော့ အသွားအလာအနေအထိုင်ဆင်ခြင်ပါနော် အန်တီတို့အသိုင်းဝိုင်းမှာကတစ်ခုခုမှားရင်လက်ညိုးထိုးမဲ့သူတွေအပြည့်ပဲ"
ခပ်ပြတ်ပြတ်ပြောတဲ့ မင်းညိုရဲ့အမေရဲ့စကားကိုနွေစိတ်မကောင်းဖြစ်မိပေမဲ့
နွေခေါင်းအသာယာငြိမ့်ပြလိုက်သည်နွေစားလက်စထမင်းကိုဆက်မစားနိုင်တော့
" နွေစားပြီးသွားပြီမို့ သွားလိုက်ပါဦးမယ်"
နွေနှုတ်ဆက်ပြီး ထွက်လာခဲ့သည်" Broken family တွေက အမျိုးလိုက်တက်တယ်နော် မင်းညို like mother, like daughter ပဲ "
နွေနားစွန်နားဖြားကြားမိတဲ့မင်းညိုအမေရဲ့စကားကြောင့်ဆက်ခနဲ့ ရပ်သွားမိသည်
![](https://img.wattpad.com/cover/245219065-288-k364207.jpg)
STAI LEGGENDO
Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)
Fantasyအိမ်ထောင်ရေးကိုအယုံအကြည်မရှိတဲ့ နွေဆိုတဲ့ အသက်လက်ပိုင်းအမျိုးသမီး Broken family ဖြစ်ခဲ့တဲ့အတွက် အမှီခိုကင်း....ခေါင်းမာတက်ပြီးမာနကြီးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း အိပ်မက်ဆန်တဲ့အမျိုးသားနဲ့ဆုံလာတဲ့အခါ နွေဘယ်လိုရုန်းထွက်နိုင်မလဲ ပတ်ဝန်းကျင်နဲ့အဖု...