" နင်နဲ့သူငယ်ချင်းဖြစ်ရတာ ဒီတစ်ခါအကောင်းဆုံးပဲ ဆင်ဖြူတော်မှီပြီးကြံစုပ်ရတယ်ဆိုတာဒါကိုပြောတာထင်တယ်"
သော်တာကသူ့အတွက်နွေငှားပေးထားသော condo အခန်းကိုကိုလှည့်ပတ်ကြည့်ရင်းပြုံးစိစိဖြင့်ပြောလိုက်သည်
" နင်အဆင်ပြေရင်ပြီးတာပါပဲဟယ်"
သော်တာပျော်နေတဲ့ပုံစံကိုကြည့်ပြီးနွေမသဘောကျမိသည်
သော်တာနဲ့နွေက ဆေးကျောင်း first year စတက်ကတည်းကတစ်တွဲတွဲမို့တော်တော်များများက နွေတို့ကို အတွဲတောင်ထင်ကြသည်
အဲ့လိုထင်ကြလို့လားမသိ နွေရော သော်တာရော ဘူပိတ်ပြီးရည်းစားမရခဲ့ကြတာဖြစ်မည်ခုလည်းသော်တာ့ပုံစံက မိန်းမယူတော့မဲ့သဘောမှာမရှိ
" နင်တို့ကလေးထိန်းမယ်လေ သမီးလေးမွေးမှငါနဲ့ပေးစား" လို့သာခဏခဏပြောတက်သည်သော်တာကရှမ်းလူမျိုး အသားဖြူဖြူ ခပ်ပိန်ပိန် မျက်ရစ်မရှိပဲ
ပြုံးလိုက်ရင်မျက်လုံးတွေကမမြင်ရလောက်အောင်ပိတ်သွားတက်သည်
သူ့ပုံစံကရုပ်ဆိုးနေတာလည်းမဟုတ်ပဲဘာလို့ခုအရွယ်ထိရည်းစားမရလည်းနွေမတွေးတက်ပါ
တီခနဲမြည်လာသောဖုန်းသံကိုသူမကိုင်လိုက်သည်"ကိုအောက်မှာရောက်နေပြီ"
နွေဝရံတာမှအောက်ထပ်ကိုလှမ်းချောင်းတော့
အောက်မှလက်လှမ်းပြနေတဲ့သူ့ကိုတွေ့လိုက်ရသည်" နင့်လူကြီးရောက်လာပြီထင်တယ် ငါလိုက်ပို့မယ်လေ "
မိုးကဖျောက်တောက်ဖျောက်တောက်ရွာနေသဖြင့် နွေတားနေသည့်ကြားမှ သော်တာနောက်မှလိုက်လာခဲ့သည်ထီးတစ်ချောင်းနှစ်ယောက်ဆောင်းထားသည့်နွေတို့ကို တစ်ခါမှမမြင်ဖူးတဲ့သူက နွေတို့နှစ်ယောက်ကိုစားမတက်ဝါးမတက်ပုံစံဖြင့်ကြည့်နေသည်
သော်တာကတော့မရိပ်မိကားပေါ်ရောက်တဲ့ထိသူ့မျက်နှာထားကတင်းမာလျက်
"နွေ ကိုမပါပဲနောက်ဆိုယောကျာ်းလေးတစ်ယောက်တည်းနေတဲ့အခန်းကိုမသွားနဲ့တော့"
သူ့အသံကအမိန့်ပေးသည့်အသံမျိုးဖြစ်သည်
![](https://img.wattpad.com/cover/245219065-288-k364207.jpg)
ŞİMDİ OKUDUĞUN
Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)
Fantastikအိမ်ထောင်ရေးကိုအယုံအကြည်မရှိတဲ့ နွေဆိုတဲ့ အသက်လက်ပိုင်းအမျိုးသမီး Broken family ဖြစ်ခဲ့တဲ့အတွက် အမှီခိုကင်း....ခေါင်းမာတက်ပြီးမာနကြီးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း အိပ်မက်ဆန်တဲ့အမျိုးသားနဲ့ဆုံလာတဲ့အခါ နွေဘယ်လိုရုန်းထွက်နိုင်မလဲ ပတ်ဝန်းကျင်နဲ့အဖု...