ဆောင်းဦးရာသီလေးမလို့ နေရာအနှံမှာ ကာ့စမိုစ်အမည်ရတဲ့ ပန်းလေးတွေ ပွင့်လန်းနေတယ်။ မြစ်ကမ်းဘေးနားမှာမလို့ ရေပြင်နဲ့ပန်းလေးတွေနဲ့ စပ်ဟပ်နေတဲ့ မြင်ကွင်းလေးက ဘယ်လောက်တောင် အေးချမ်းစေလိုက်လဲ။
" ရောက်လာပြီလား အကိုလေး "
"အင်း ဒီနေ့နည်းနည်းနောက်ကျသွားတယ် ဟွန်းလေးရေ တောင်းပန်ပါတယ် "
"ရပါတယ် အကိုလေးကလည်း အကိုကဒီဆိုင်သူဌေးပဲကို "
" ဟုတ်ပါပြီ မနေ့က အော်ဒါမှာထားတာတွေ လုပ်ကြရအောင် "
" ဟုတ်ကဲ့ "
ကျွန်တော့်နာမည်က ပတ်ဂျီမင်းပါ။ ကျောင်းပြီးတော့ အဖေနဲ့အမေက ကျွန်တော့်စိတ်တိုင်းကျ လုပ်ချင်တာလုပ်ဆိုလို့ မြို့နဲ့နည်းနည်းအလှမ်းဝေးတဲ့နေရာလေးမှာ ကော်ဖီဆိုင်လေးနဲ့စာကြည့်တိုက် တွဲဖက်ဆိုင်လေး ဖွင့်ထားတယ်။
စာဖတ်ရတာသဘောကျတဲ့သူတွေအတွက် ကော်ဖီလေးသောက်ပြီး အေးအေးချမ်းချမ်းစာဖတ်လို့ ရနိုင်မဲ့ နေရာလေးပေါ့။
ဆိုင်စဖွင့်ကတည်းက ဒီမှာအလုပ်လုပ်ပေးနေတဲ့ ဟွန်းလေးနဲ့ ယွန်းဟွာဆိုတဲ့ကလေးမလေးရယ် ကျွန်တော်ပဲဆိုင်ကို ဦးစီးတယ်။ စာဖတ်ရတာသဘောကျတဲ့သူတွေလာလို့ လူလည်းမများသလို နည်းလည်းမနည်းတဲ့ အေးချမ်းတဲ့ဆိုင်လေးပေါ့။
ဒီဆိုင်လည်းဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော့်ရဲ့ဝါသနာကြောင့်ပေါ့။ ဒါကြောင့်ဆေးကျောင်းဆင်း ကျွန်တော်ကဆရာဝန်မလုပ်ဘဲ ဒီလိုကဖေးစာကြည့်တိုက်လေး ဖွင့်ဖြစ်သွားတာပေါ့။
" အော်ဒါမှာထားတာတွေ အကုန်အဆင်သင့်ဖြစ်ပြီး အကိုလေး "
" ဒီနားက ရှုတင်ကိုသွားပို့ပေးရမှာမလား ဟွန်းလေး "
" ဟုတ်တယ် စာရေးဆရာဘယ်သူဆိုလား သူ့ရဲ့ရှုတင်တဲ့ "
" ဪ စာရေးဆရာလား ငါက ရုပ်ရှင်လာရိုက်တာမှတ်နေတာ သူက မင်းသားကောလုပ်လို့လား"
" မဟုတ်လောက်ဘူး သူ့ရဲ့နေ့စဉ်ဘဝပုံစံကို မှတ်တမ်းတင်တဲ့အနေနဲ့ ရိုက်တာတဲ့ "
YOU ARE READING
𝙹𝚒 𝙹𝚒𝚒 𝙻𝚒𝚋𝚛𝚊𝚛𝚢 ❣︎Ⓩ︎.🅤︎❣︎ [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎]
Fanfictionကဖေးစာကြည့်တိုက်ပိုင်ရှင် ပတ်ဂျီမင်းနဲ့ စာရေးဆရာ ဂျွန်ဂျောင်ကုတို့ရဲ့ စာကြည့်တိုက်က ဇာတ်လမ်းလေး.....❣ ကဖေးစာကြည့်တိုက်ပိုင်ရှင် ပတ်ဂျီမင်းနဲ့ စာရေးဆရာ ဂျွန်ဂျောင်ကု တို့ရဲ့ စာကြည့်တိုက်က ဇာတ်လမ်းလေး.... ❣ #kookmin #jikook #bts #bl #fanfiction