𝙲𝚑𝚊𝚙𝚝𝚎𝚛 𝚃𝚑𝚛𝚎𝚎 Ⓤ︎.Ⓩ︎

1.5K 219 5
                                    

ဘဝမှာ ဘာအခက်အခဲမှမရှိဘဲ ဖြတ်သန်းချင်ပါရဲ့.....ဒါပေမဲ့ ကိုယ်ကစွမ်းအားရှင်မှမဟုတ်။

" အကိုလေး ဒီနေ့ဟိုစာရေးဆရာဂျွန်ဂျောင်ကုတို့ လာမှာမလား "

'ဖားကလေး' စာအုပ်ကိုလက်ထဲမှချပြီး ကိတ်မုန့်လေးဖဲ့ပြီး ပါးစပ်ထဲကိုထည့်ပြီးမှ ဟွန်းလေးရဲ့အမေးကိုပြန်ဖြေလိုက်တယ်။ အစာရှိမှစကားပြန်ပြောနိုင်မှာမလို့ စားတာပါ။

" ဟုတ်တယ် ဒီနေ့စမယ်လို့ပြောထားတာပဲ ခုထိလာလည်းမလာသေးဘူး "

" အကိုလေးက ဒီစာရေးဆရာကို အရင်က မမြင်ဖူးဘဲနဲ့ ကြိုက်နေတာပေါ့ "

" ငါကဒီစာရေးဆရာကိုကြိုက်တယ်ဆိုတာ သူ့ရဲ့အရေးအသားနဲ့ ဝတ္ထုဇာတ်လမ်းကိုကြိုက်တာ မင်းပြောတာကြီးက မသိရင် မြင်ဖူးမှကြိုက်ရမယ့်အတိုင်းပဲ "

" ဒီတိုင်းမေးလိုက်တာပါ အကိုလေးရဲ့ "

" စာရေးဆရာတစ်ယောက်ကို သဘောကျတယ်ဆိုတာ သူ့ရဲ့အရေးအသားကြောင့်လေ ရုပ်နဲ့မှမဆိုင် "

" ဘယ်သိနိုင်မလဲ ရုပ်ကြောင့်လဲဖြစ်ရင်ဖြစ်မှာပေါ့ "

" ငါ..လုပ်လိုက်ရ ဒီကလေး..."

" ဟီးဟီး စတာစတာ ဟာ..ဟိုမှာအကိုလေးရဲ့အချစ်တော်စာရေးဆရာကြီးလာပြီ "

အိုမို...စာရေးဆရာလား မင်းသားလားချောလိုက်တာ။ ဘောင်းဘီအနက် အထဲကအကျီၤအနက်ရောင်ပေါ်ကိုမှ ဂျင်းအပြာရောင်ရှပ်လေးထပ်ထားတာ။ မတိုမရှည် ဆံပင်ကို လှန်တင်လိုက်သေး။ တစ်ကယ်မင်းသားကြနေရောပဲ။

" အကိုလေး သရေတွေသုတ်လိုက်အုံး "

" ဪ အေး အေး "

အယောင်ယောင်အမှားမှားနဲ့ ဘေးကတစ်ရှုးယူပြီး ပါးစပ်ကိုတောင်သုတ်မိသွားပြီ စောက်ကလေးကဘေးကနေ ထရီတယ်လေ ငါနော် ဂျောင်ကုရောက်လာလို့ ဟွန့်။

" မင်္ဂလာပါ ပတ်ဂျီမင်းရှီး "

" မင်္ဂလာပါ ယုန်ပေါက် "

"ဟုတ်သား မှားသွားတာ မင်္ဂလာပါ ကြက်ပေါက်"

" ဘာ ဂျွန်ဂျောင်ဂု! တော်ပြီ ခေါ်ချင်သလိုသာခေါ်တော့ "

𝙹𝚒  𝙹𝚒𝚒  𝙻𝚒𝚋𝚛𝚊𝚛𝚢  ❣︎Ⓩ︎.🅤︎❣︎ [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎]Where stories live. Discover now