𝙲𝚑𝚊𝚙𝚝𝚎𝚛 𝚃𝚎𝚗 [𝙵𝚒𝚗𝚊𝚕] Ⓤ︎.Ⓩ︎

2K 203 8
                                    

ဖြူစင်လွန်းတဲ့ အဖြူရောင်နှင်းမှုန်လေးတွေ ကျဆင်းလာပြီ။ ပထမဆုံးနှင်းက ထိတွေ့မှုမှာ အေးစက်နေပေမဲ့ နှလုံးသားကို နွေးထွေးမှုနဲ့ ပျော်ရွှင်စရာအချိန်လေးကို ဖန်တီးပေးတယ်။ ထိုနှင်းမှုန်လေးတွေလိုပဲ လူတွေရဲ့စိတ်ကကော ဖြူစင်ရဲ့လား....။

" အကိုလေး အဆင်ပြေပါ့မလား "

"ပြေမှာပါ လူချင်းအရင်တွေ့ကြည့်တာပဲကို "

" ဟုတ်ကဲ့ပါ "

အဆင်ပြေတယ်ပြောနေပေမဲ့ တစ်ကယ့်ရင်ထဲမှာတော့ မပြေပါဘူး ဟွန်းလေးရေ။

ဒီနေ့အိမ်ကသဘောတူထားတဲ့သူနဲ့ တွေ့ရမှာမို့ ဂျီမင်း သူ့ကော်ဖီဆိုင်လေးမှာပဲ စောင့်နေခြင်းဖြစ်သည်။ ဆိုင်ထဲကနေ ကော်ဖီပူပူလေးသောက်ရင်း အပြင်မှာကျဆင်းနေတဲ့ နှင်းမှုန်လေးတွေကို ငေးကြည့်ကာ တစ်ယောက်သောသူအကြောင်းကို တွေးနေမိသည်။

ဒီနေ့ ဂျောင်ကုမရောက်လာသေးပါလား။ မလာတာပဲကောင်းပါတယ်။ ဒီလိုအခြေအနေနဲ့ သူ့ကိုမတွေ့ချင်ဘူး တွေ့ဖို့အားလည်း မရှိဘူး။

လွမ်းဆွတ်တမ်းတနေမိတဲ့တစ်ယောက်က နှင်းမှုန်တွေကြားထဲကနေ ရောက်လာခဲ့ပြီ။

" ဟင် ဂျောင်ကု "

" အေးလိုက်တာ hyungရယ် "

ဆိုင်ထဲဝင်လာပြီ လက်အချင်းချင်းပွတ်ကာ အာငွေ့ပေးပြီး ကျွန်တော်သောက်နေတဲ့ကော်ဖီကို ယူသောက်သွားသောသူ။

ငါ့ကော်ဖီလုသောက်ပြန်ပြီ။

" စာလာရေးတာလား အပေါ်ထပ်သွားလေ ဟွန်းလေးကို ကော်ဖီလာပို့ခိုင်းလိုက်မယ် "

" ကျွန်တော်စာလာရေးတာမဟုတ်ဘူး hyungကို လာတွေ့တာ "

" ဟမ် ဟုတ်လား ငါဧည့်သည်တစ်ယောက်နဲ့တွေ့ဖို့ချိန်ထားတယ် လာတော့မှာ "

" အိမ်ကပေးစားတဲ့သူနဲ့လား "

" အင်း ဟင် မင်းသိတယ်ပေါ့ "

" ကျွန်တော်ကhyungကို တခြားသူလက်ထဲထည့်ပေးမယ် ထင်နေလား "

" ဟင် ဂျောင်ကု ဘာတွေပြောနေတာလဲ "

" ကျွန်တော် hyung ကိုချစ်တယ် ဒါကြောင့် ကျွန်တော့်ကိုပဲ လက်ထပ်ရမယ် တခြားသူနဲ့မလက်ထပ်ရဘူး "

𝙹𝚒  𝙹𝚒𝚒  𝙻𝚒𝚋𝚛𝚊𝚛𝚢  ❣︎Ⓩ︎.🅤︎❣︎ [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎]Where stories live. Discover now