𝙲𝚑𝚊𝚙𝚝𝚎𝚛 𝙵𝚒𝚟𝚎 Ⓤ︎.Ⓩ︎

1.3K 204 7
                                    

ဒီနေ့ရာသီဥတုမကောင်းပါလား မိုးကောင်းကင်မှာတိမ်တွေအုံမှိုင်းနေတယ်။ ဘယ်အချိန်မှာ မိုးပေါက်လေးတွေကျလာမလဲ မသိပေမဲ့ ကောင်းကင်ကြီးတစ်ခုလုံးကတော့ မည်းမှောင်နေပါလား။

" အကိုလေး ဒီနေ့ဆိုင်ကိုဘယ်သူမှလည်း မလာဘူးနော် "

" ရာသီဥတုကြောင့်မို့လို့နေမှာ မိုးတွေအုံနေတာဆိုတော့ "

" မိုးအေးအေးလေးနဲ့လည်း စာဖတ်ကောင်းတာပဲ ဘယ်သူမှမလာရင် ကျွန်တော်ဂိမ်းဆော့လိုက်အုံးမယ် "

" အော် မသိရင်စာများဖတ်တော့မလို့လားလို့ ဂိမ်းဆော့မယ်တဲ့ အေးအေး "

" ဟီးဟီး "

မိုးကအေးနေတော့ တစ်ယောက်ယောက်ကိုလွမ်းနေသလိုပဲ။ သူလည်းအလုပ်ကိစ္စကြောင့် ငါ့ဆီလာရတာပဲလေ။ အလုပ်ပြီးသွားရင်တော့ ဘယ်လာတော့မလဲ။ တစ်ချိန်မှာတွေ့ဆုံပြီး တစ်ချိန်ကျရင်တော့ ခွဲရမှာက သဘာဝတရားပဲလေ။

မင်းများ လာမလားဆိုပြီး ငါစောင့်နေမိတယ်။ ငါ့ကိုငါလည်း အံသြမိပါရဲ့ မင်းကိုတွေ့ချင်နေအောင် ဘယ်အရာကများ ငါ့ကိုပြုစားထားပါလိမ့်။ ငါဘာကြောင့် မင်းကိုတွေ့ချင်နေရတာလဲ...?

စာရေးဆရာဂျွန်ဂျောင်ကုဆိုသူကို အစကအသက်ကြီးကြီး ဗိုက်ပူနဖူးပြောင်ကြီးထင်ခဲ့တာ တစ်ကယ်တော့ ငါထင်တာမှားနေခဲ့တာပဲ။ မျက်လုံးဝိုင်းဝိုင်း ယုန်သွားလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့စာရေးဆရာလေးပေါ့။ ဒါပေမဲ့နှာခေါင်းကတော့ အကြီးကြီးပဲ။

မိုးတွေရွာလာပြီပဲ လယ်သမားဦးလေးကြီးတွေအတွက် ကောင်းမွန်တဲ့အရာတစ်ခုပေါ့။ ဒါ့အပြင်ပန်းပင်လေးတွေ အပင်လေးတွေလည်း မိုးကိုလိုအပ်ကြတယ်မဟုတ်လား။ သူတို့အသက်ဆက်ရှင်ဖို့ မိုးကိုလိုအပ်ကြတယ်။

အင်း ငါ့ဘဝမှာအသက်ဆက်ရှင်ဖို့လိုအပ်တာတွေ အများကြီးရှိတယ်။ ဥပမာ အစားအသောက်ပေါ့ ဟဲဟဲ။ အတွေးတွေများနေလို့ ဗိုက်ဆာလာပြီး သွားစားလိုက်အုံးမယ်။

° ° ° °

ဒီနေ့က ကျွန်တော့်နားရက် အလုပ်လုပ်စရာ အထွေအထူးမရှိဘူး။ ဒါပေမဲ့ ကြက်ပေါက်လေးဆီကိုတော့ သွားရမယ်။ အလုပ်ကိစ္စမရှိပေမဲ့ တွေ့ချင်တယ်လေ ကျွန်တော့်ကြက်ပေါက်လေးကို ဒါပေမဲ့ မိုးတွေအရမ်းရွာနေတယ်။

𝙹𝚒  𝙹𝚒𝚒  𝙻𝚒𝚋𝚛𝚊𝚛𝚢  ❣︎Ⓩ︎.🅤︎❣︎ [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎]Where stories live. Discover now