𝙲𝚑𝚊𝚙𝚝𝚎𝚛 𝚂𝚎𝚟𝚎𝚗 Ⓤ︎.Ⓩ︎

1.2K 188 3
                                    

" အား..နာတယ်် ဖြေးဖြေးလုပ်ပါ "

" မင်းကိုက အဖြစ်သည်းနေတာ ဒီဒဏ်ရာလေးနဲ့ သေမလိုငါ့ဆီပြေးလာတာလား "

" hyung ကလည်း.... "

ဆူလိုက်လို့ ခေါင်းလေးငုံပြီး ကြောက်သွားတဲ့ယုန်လးကြနေရောပဲ။

ဒီယုန်လေးက အပင်ပေါ်မာလကာသီးတက်ခူးရင် ပြုတ်ကျလို့ ဒူးခေါင်းပွန်းသွားလို့တဲ့ ဒီကဆရာဝန်မလုပ်တဲ့ ဆရာဝန်ဆီရောက်လာလေရဲ့။

" မာလကာသီးတက်ခူးတာဆိုတော့ ဘယ်မှာလဲ အဲ့မာလကာသီး "

" စားလိုက်ပြီလေ စားပြီးမှ ဒီလာခဲ့တာ "

" ဪ...အစားကတော့မင်းအတွက်အရေးကြီးသားပဲ "

" ဟီးဟီး ဒါနဲ့ဒီနေ့ ဆိုင်လူများတယ်နော် "

" အင်း မင်းကြောင့်လည်းပါတယ် မင်းတို့ငါ့ဆိုင်မှာလာရိုက်သွားကတည်းက လူပိုများလာတာ "

" ဟုတ်လား ဒါဆိုကျွန်တော်က hyungရဲ့ကျေးဇူးရှင်ပဲ "

" ဟုတ်ပါတယ် ကျေးဇူးတင်ပါတယ် ဒီကကျေးဇူးရှင်လေးကို "

" ဒီတိုင်းကျေးဇူးတင်လို့မရဘူးလေ မုန့်တော့ကျွေးရမှာပေါ့ "

" မင်းကများပြောရတယ်ရှိသေး နေ့တိုင်းဆိုင်လာပြီး စာရေးတာကနည်းနည်း ငါ့ဆီကမုန့်တွေကြီးပဲ မင်းစားစားသွားတာလေ "

" ဟုတ်လား သတိမထားမိဘူးရယ် "

ခွပ်!!

" အား...hyungဘာလို့ရိုက်တာလဲ နာတယ် "

ယုန်လေးခေါင်းခေါက်ခံလိုက်ရပြီ။

" နာအောင်လုပ်တာလေ ခုကစပြီးမင်းငါ့ဆီကစားသမျှ နှစ်ဆရှင်းရမယ် "

" ရတယ်လေ ကျွန်တော်က လေးဆပြန်စားပြမယ် "

" ငါ...ထပ်လုပ်လိုက်ရ "

နောက်ဆုံးတော့လည်း ယုန်လေးက အားသန်တော့ ကြက်ပေါက်လေးက မနိုင်ဘူးပေါ့ကွယ်။ တစ်ကယ်တော့ အနိုင်မယူရက်တာပါ...။

ဂျောင်ကုက ကျွန်တော့်ဆီ နေ့တိုင်းနီးပါးလာပြီး စာကြည့်တိုက်မှာ စာလာရေးနေတာ ခုဆို၂လလောက်တောင်ရှိရောပေါ့။ သူနဲ့နေ့တိုင်းစကားပြောပြီး တွေ့နေရတာ သူတစ်ရက်မလာတာနဲ့ တစ်ခုခုလစ်ဟာသွားသလိုမျိုးကြီး။

𝙹𝚒  𝙹𝚒𝚒  𝙻𝚒𝚋𝚛𝚊𝚛𝚢  ❣︎Ⓩ︎.🅤︎❣︎ [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎]Where stories live. Discover now