ပြတင်းပေါက်ကနေ ဝင်ရောက်လာတဲ့မနက်ခင်းနေရောင်ခြည်လေး...အဝါရောင်လိုက်ကာလေးကို နေထိုးလိုက်တော့ ထိုနေရာကအဝါရောင် လင်းထိန်သွားတယ်။ လှပတဲ့နေရာလေးဖြစ်နေတာပေါ့။
ထိုနေရောင်ကြောင့်လား အဲ့နားမှာထိုင်နေတဲ့လူကြောင့်လား...ဘယ်အရာကြောင့်မှန်းမသိပေမဲ့ နေရောင်နဲ့ စာထိုင်ဖတ်နေတဲ့ ထိုလူသားက အရမ်းလှတာပဲ...။
" Ok cut !! "
ငေးရင်းတွေးနေတဲ့ အတွေးလေးတောင် မိုးပေါ်ပျံသွားပြီ။ ဒီဒါရိုက်တာကလည်းဖြေးဖြေးအော်ပါ။ ငါ့ရဲ့ရွှေနားတော်လေး ကွဲသွားအုံးမယ်။
ဒီနေ့ကျွန်တော်တို့ဆိုင်မှာ ဂျောင်ကုတို့ရိုက်ကွင်းစတယ်လေ။ အိုး...မင်းသားတောင်အရှုံးပေးရမယ် ချောလိုက်တာ။ ရှပ်အကျီၤအဖြူလေးနဲ့ စာထိုင်ဖတ်နေတဲ့ပုံလေးက တစ်ကယ်မင်းသားကျနေတာပဲ။ ငါ့အပိုင်ဖြစ်လိုက်ရင်တော့ ဟွင်း ဟွင်း။
" ဘာတွေတွေးနေတာတုန်း hyungရဲ့ "
" ဘာမှမတွေးပါဘူး ဒီတိုင်း..."
"ဘာလဲ ကျွန်တော့်ကိုကြည့်ပြီး ကြွေသွားတာလား"
" ပေါက်ပေါက်ရှာရှာ ကြွေစရာလား ငါကသစ်ရွက်မှမဟုတ် "
"ဟားဟား ဟုတ်ပါပြီ နောက်တစ်ခန်းရိုက်ရမယ့်ထဲမှာ hyungကောပါတယ်နော် "
" ဟမ် ငါကဘာကိစ္စ "
" စာကြည့်တိုက်ပိုင်ရှင်နဲ့ စာရေးဆရာနဲ့စကားပြောတဲ့အခန်းပေါ့ "
" ငါကဘာပြောရမှာ "
" ဒီတိုင်းစာအုပ်အကြောင်း ဟိုအကြောင်းဒီအကြောင်းပေါ့ အလိုက်ထိုက်လေ "
" အင်းပါ မင်းရှိနေတာပဲ "
" ဒါနဲ့ဒီပုံစံအတိုင်းရိုက်မှာလား "
" ဒီပုံစံအတိုင်းပဲရိုက်မှာပေါ့ ငါကမပြင်လည်းချောပြီးသား "
" ဟုတ်ပါတယ် ချောပြီးသားပါ "
အပြာရောင်ဆွယ်တာလေးကို အောက်ကဂျင်းဘောင်းဘီအနက်လေးနဲ့ ရိုးရိုးရှင်းရှင်းဝတ်ထားပြီး ဘာမှမပြင်ဆင်ထားတဲ့မျက်နှာလေးနဲ့ hyungကတစ်ကယ် လှတယ်။ ကျွန်တော့်မျက်စိထဲမှာတော့ အရမ်းလှတယ်လို့မြင်တယ်။
YOU ARE READING
𝙹𝚒 𝙹𝚒𝚒 𝙻𝚒𝚋𝚛𝚊𝚛𝚢 ❣︎Ⓩ︎.🅤︎❣︎ [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎]
Fanficကဖေးစာကြည့်တိုက်ပိုင်ရှင် ပတ်ဂျီမင်းနဲ့ စာရေးဆရာ ဂျွန်ဂျောင်ကုတို့ရဲ့ စာကြည့်တိုက်က ဇာတ်လမ်းလေး.....❣ ကဖေးစာကြည့်တိုက်ပိုင်ရှင် ပတ်ဂျီမင်းနဲ့ စာရေးဆရာ ဂျွန်ဂျောင်ကု တို့ရဲ့ စာကြည့်တိုက်က ဇာတ်လမ်းလေး.... ❣ #kookmin #jikook #bts #bl #fanfiction