𝙲𝚑𝚊𝚙𝚝𝚎𝚛 𝙴𝚒𝚐𝚑𝚝 Ⓤ︎.Ⓩ︎

1.2K 176 2
                                    

ပုံမှန်တိုင်းပဲ သွားနေတဲ့ဘဝကြီးက နည်းနည်းတော့ပျင်းစရာကောင်းလှတယ်...။

" ဟွန်းလေးရေ ယွန်းဟွာနဲ့အဆက်အသွယ်မရဘူးလား "

" မရဘူး အကိုလေး တစ်ပတ်တောင်ကျော်နေပြီကို ပြန်လည်းမလာသေးဘူး "

" အင်းနော် အဆင်ကောပြေရဲ့လား မသိဘူး "

" ကျွန်တော်တို့လိုက်သွားကြမလား "

" ငါတို့လိုက်သွားမှ သူ့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေအုံးမယ် "

" ကျွန်တော်တို့ လိုက်သွားကြည့်မယ်လေ hyung ယွန်းဟွာတို့ဆီရောက်ဖူးတယ်ရှိအောင် "

" ဟင် ဂျောင်ကု..."

ဂျီမင်းနဲ့ဟွန်းလေးရဲ့ စကားဝိုင်းထဲသို့ ရောက်လာတဲ့ဂျောင်ကု။

" ဟုတ်တယ် အကိုလေး အလည်သဘောမျိုးနဲ့သွားကြရအောင် "

" အင်းပါ သွားကြမယ်လေ ဒါနဲ့ဂျောင်ကုကော လိုက်မို့လား "

" လိုက်မှာပေါ့ ကျွန်တော့်ကားနဲ့လိုက်ပို့ပေးမယ်လေ "

"အင်း အာ့ဆိုမနက်ဖြန်သွားကြရအောင် "

~ ~ ~ ~

ကျေးလက်ဒေသလေးမို့ လေကောင်းလေသန့်လေးရပြီး လှပတဲ့နေရာလေး။ မြို့ကြီးပြကြီးထဲမှာနေ နေရလို့ ဒီလိုကျေးလက်ဒေသလေးတွေက စိမ်အေးချမ်းစေတယ်။

" ရွာတော့ရောက်ပြီ အကိုလေး ယွန်းဟွာအိမ်တော့ရှာရအုံးမယ် "

" တစ်ယောက်ယောက်ကို မေးကြည့်လိုက်လေ ငါအရမ်းဗိုက်ဆာနေပြီ "

" ဟုတ်ကဲ့ပါ အကိုလေး "

" ကားအကြာကြီးစီးလာလို့ အရမ်းပင်ပန်းနေပြီထင်တယ် hyung "

" ပင်ပန်းတာထက် ဗိုက်ဆာတာကွ "

" ဟင် ကားပေါ်မှာတစ်လျှောက်လုံး ပါသမျှ hyungပဲစားနေတာလေ "

" အဲ့ဒါက အဲ့ဒါပဲလေ ခုဗိုက်ဆာတာက ဆာတာပဲ "

" အစားပုတ် "

ခွပ်!!

" ရိုက်ပြန်ပြီ hyung ကလည်း "

" ထပ်ရိုက်ရမလား "

" တော်ပြီ ရပြီ မရိုက်နဲ့တော့ ဟီး "

ယုန်လေးက ကြောက်တက်သားပဲ။

𝙹𝚒  𝙹𝚒𝚒  𝙻𝚒𝚋𝚛𝚊𝚛𝚢  ❣︎Ⓩ︎.🅤︎❣︎ [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎]Where stories live. Discover now