(ပုံပြင်သက်သက် စိတ်ကူးယဉ်ပြီးရေးထားခြင်း ဖြစ်ပါတယ်နော်)
တစ်ခါတုန်းက ဂျောနင်ဆိုတဲ့ ဖားတို့ရဲ့ တိုင်းပြည်မှာပေါ့ လောရယ်ဆိုတဲ့ ဖားမင်းသမီးလေးက ခမည်းတော် ပြုလုပ်ပေးတဲ့လတ်ဆတ်ပွဲကို မပြုလုပ်ချင်လို့ နန်းတော်ထဲကနေ ထွက်ပြေးလာခဲ့တယ်။
ထွက်ပြေးရင်း သူအသက်အန္တာရယ်ကြုံလာတော့တယ်။ ထိုအချိန် ရွိင်းဆိုတဲ့သာမာန်ဖားကလေးက ကမ်းပါးကနေပြုတ်ခါနီးသူ့ကို ကယ်တင်လိုက်တာပေါ့။
ဤသို့တွေ့ဆုံခဲ့ပြီး အချိန်ကြာလာတော့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှသွားကြတာပေါ့။ ဒါပေမဲ့ သူတို့အပေါ်ကံကြမ္မာက ရက်စက်ခဲ့တယ်။
မင်းသမီးလေးကို သူ့ခမည်းတော်ကပြန်ခေါ်သွားခဲ့တယ်။ ဖားကလေးကလည်း မင်းသမီးလေးနဲ့မခွဲနိုင်လို့ ထပ်ပြီးနှစ်ယောက်အတူတူပြန်လည် ထွက်ပြေးခဲ့ကြတယ်။
ဒါပေမဲ့လည်း သူတို့ကံမကောင်းခဲ့ဘူး။ ဘုရင့်ရဲမက်တွေက သူတို့ကိုတွေ့သွားပြီး ဖားကလေးကိုသတ်ပစ်လိုက်ကြတယ်။ မင်းသမီးလေးကလည်း သူမနှစ်သက်တဲ့မင်္ဂလာပွဲနေ့မှာပဲ ကိုယ့်ကိုကိုယ် အဆိပ်သောက်ပြီး သတ်သေသွားခဲ့တယ်...။
"အကိုလေး ကော်ဖီသွားပို့လို့ရပြီ"
"အော် အေးအေး"
ဂျောင်ကုရဲ့ ဖားကလေးဆိုတဲ့ဝတ္ထုပေါ့။ ကြေကွဲဖွယ်ကောင်းတဲ့ ဖားကလေးနှစ်ကောင်ရဲ့ ချစ်မေတ္တာဇာတ်လမ်းလေးကို ရေးသားထားတာပေါ့။
သူတို့နှစ်ယောက်လုံးက ခုဆိုကောင်းကင်ပေါ်မှာ တခြားကြယ်တွေထက် ပိုတောက်ပတဲ့ကြယ်ကလေးအဖြစ် တည်ရှိနေတာပေါ့။
ကောင်းကင်ပေါ်မှာ သူတို့တွေအတူတူပျော်ရွှင်နေကြပြီမလား။ သူတို့ကြယ်လေးတွေ တောက်ပနေတာကို ကြည့်ခြင်းဖြင့် သူတို့နှစ်ယောက် အချစ်ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာကို သိနိုင်ပါတယ်။
" ရပြီ မင်းကြိုက်တဲ့ White flat ကော်ဖီ "
" ကျေးဇူးပါ hyung"
စာရေးဆရာလေးက ကျွန့်တော့်စာကြည့်တိုက်မှာ စာလာရေးနေတယ်လေ။ခုလည်းကော်ဖီသောက်မယ်ဆိုလို့ လာပို့ပေးနေရတာ။
YOU ARE READING
𝙹𝚒 𝙹𝚒𝚒 𝙻𝚒𝚋𝚛𝚊𝚛𝚢 ❣︎Ⓩ︎.🅤︎❣︎ [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎]
Fanfictionကဖေးစာကြည့်တိုက်ပိုင်ရှင် ပတ်ဂျီမင်းနဲ့ စာရေးဆရာ ဂျွန်ဂျောင်ကုတို့ရဲ့ စာကြည့်တိုက်က ဇာတ်လမ်းလေး.....❣ ကဖေးစာကြည့်တိုက်ပိုင်ရှင် ပတ်ဂျီမင်းနဲ့ စာရေးဆရာ ဂျွန်ဂျောင်ကု တို့ရဲ့ စာကြည့်တိုက်က ဇာတ်လမ်းလေး.... ❣ #kookmin #jikook #bts #bl #fanfiction