𝙲𝚑𝚊𝚙𝚝𝚎𝚛 𝙽𝚒𝚗𝚎 Ⓤ︎.Ⓩ︎

1.2K 172 0
                                    

ဒါဘယ်နေရာလဲ? နေရာတစ်ခုလုံးက အပင်တွေပန်းတွေနဲ့ ဘယ်သူ့မှလည်း မတွေ့ရဘူး။ ကျောက်စရစ်ခဲလေးတွေနဲ့ ပြုလုပ်ထားတဲ့ လမ်းလေး...။ ထိုလမ်းလေးအတိုင်း လျှောက်သွားလိုက်တော့ စားသောက်စရာတွေ ပြည့်နေတဲ့ စားပွဲတစ်ခု။

ဝါး...ဂျွန်ဂျောင်ကုတို့တော့ ကံကောင်းတာပဲ စားလိုက်အုံးမယ် ဗိုက်ဆာနေတာ ဟီးဟီး။

" ဂျောင်ကု! ထေတာ့ ဘေးဖယ်အုံး "

အိမ်မက်ထဲမှာ ကြက်ပေါင်ကြီးကို အပီအပြင်ဆွဲမယ့် ဂျောင်ကုတစ်ယောက် ဂျီမင်းကြောင့် ကြက်ပေါင်မစားရတော့ပါ။ ဝမ်းနည်းပါတယ် ဂျောင်ကု။

" အာ...ကျွန်တော့်ကြက်ပေါင်လေး ဟင့် "

" ဘာတွေယောင်နေတာလည်း ငါ့ဖက်ပြီးအိပ်ကောင်းနေတာလား ဘေးဖယ် "

" အာ့ သေပါပြီhyungရယ် ဘာလို့တွန်းရတာလဲ "

" ထတော့ နောက်ကျနေပြီ "

ကြက်ပေါင်လေးမစားလိုက်ရလို့ ဝမ်းနည်းနေတဲ့ ကုကုရယ်ပါ။

" အကိုလေးတို့ ဒီနေ့ရွာထဲ လိုက်ကြည့်မလား ဒီမှာကတော့ လည်စရာသိပ်မရှိဘူး "

မနက်စာစားပြီးတဲ့အချိန် အိမ်ရှေ့နားလေးမှာ ထိုင်နေကြရင်း ယွန်းဟွာမှ ဆိုလိုက်တယ်။

" အင်း ငါတို့ရွာထဲလျှောက်ကြည့်မယ်လေ "

" ဟုတ် ခဏနေသွားရအောင်နော် "

" အင်း အင်း "

" ဝါး လိမ်​မ္မော်သီးကချိုနေတာပဲ "

ရွာထဲက လိမ္မော်ခြံထဲ ရောက်နေကြတဲ့ ဂျီမင်းတို့။

" မြေသြဇာ ကောင်းလို့လေ "

" ဟုတ်လား ဘာမြေသြဇာသုံးတာလဲ ယွန်းဟွာ "

" နွားချီး "

" ဝါး..အကောင်းဆုံး မြေသြဇာပဲ အဲ့မြေသြဇာကို နင်စားဖူးလား "

" နင်စားလေ အရူးရဲ့ "

ဟွန်းလေးနဲ့ ယွန်းဟွာရဲ့ ရန်ဖြစ်နေတာကို ရီပြီးကြည့်နေကြတဲ့ ဂျီမင်းနဲ့ ဂျောင်ကု။ လိမ္မော်ခြံထဲမှာ အသီးလေးတွေလိုက်ခူးစားနေကြရင်းနဲ့ မြေသြဇာအကောင်းစားကြီးကို တက်နင်းမိတဲ့ အမောင်ဂျီမင်း။

𝙹𝚒  𝙹𝚒𝚒  𝙻𝚒𝚋𝚛𝚊𝚛𝚢  ❣︎Ⓩ︎.🅤︎❣︎ [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎]Where stories live. Discover now