1 (U)

11.6K 747 22
                                    

လမိုက်ညတစ်ည ..။

မှောင်မည်းနေပြီး ဘေးဘီဝဲယာတောင် သေချာမသဲကွဲနိုင်တဲ့ ညတစ်ည ။

"မေမေရေ ... မေမေရေ ..."

ကျောင်းဝတ်စုံဝတ်ထားတဲ့ ကလေးမလေးတစ်ယောက်က ဘေးဘီဝဲယာကိုမကြည့်ပဲ ရှေ့တူရှူကို တည့်တည့်ပြေးတယ် ။ နောက်ကနေ လူယုတ်မာတစ်ယောက်လိုက်လာတယ်ထင်တယ် ။ သူမ လှည့်မကြည့်ရဲဘူး ။ သူမ .. သူမမှာ အိပ်မက်တွေရှိသေးတယ် ။ သူမ ဒီလူယုတ်မာလက်ထဲမယ် အဖမ်းခံလို့မရသေးဘူး ။

ရှန်ဟိုင်းရဲ့လမ်းတွေက ခြောက်ကပ်နေတာမျိုးမဟုတ်​ပေမယ့် သူမနေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်ကိုက လူပြတ်လွန်းနေတာ ။
သူမ တစ်ယောက်ယောက်ကို လှမ်းအော်ခေါ်လိုက်ချင်ပေမယ့် အော်လိုက်မှ နောက်ကလူက သူမကို တစ်ခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ ။

အရှေ့မှာ လူတစ်ယောက်ကရပ်နေတယ် ။
ထိုသူကိုပဲ အကူညီတောင်းရတော့မယ်ထင်ပါရဲ့ ။

"အကိုရေ .. အကို ကူညီပါဦးနော် ညီမအနောက်ကနေ လူလိုက်လာလို့ပါ အကို ကူညီပေးပါဦး ..."

အဆိုပါအမျိုးသားက ဝတ်ထားတဲ့ အနက်ရောင် ဦးထုပ်ကိုတစ်ချက်ကိုင်ပြီး ခေါင်းကိုမော့တဲ့အချိန်မှာ သူမတွေးမိတာ ဒီလောက်ချောမောသန့်ပြန့်တဲ့သူက သူမတို့ရပ်ကွက်ထဲကို အလည်လာတာရောဟုတ်ရဲ့လား မဖြစ်နိုင်တာ ။
အဲ့အချိန် ထိုကြည့်ကောင်းတဲ့အမျိုးသားက ကတ်ပြားတစ်ခုကိုထုတ်ကိုင်လို့ အေးအေးဆေးဆေး စကားဆိုတယ် ။

"မေယွိချန် ... အသက် ၁၇ နှစ် ...
သေဆုံးသည့်အကြောင်းအရာ - အဓမ္မပြုကျင့်ခံရခြင်း ..
ကဲ .. ကလေးမလေး .. အကိုနဲ့ လိုက်ခဲ့ပေး"

သူမ ဘာတွေကြားလိုက်ရတာလဲ ..။
မဟုတ်ဘူး ဒီလူက ဘာတွေပြောနေတာလဲ ...။
သူမက သေပြီတဲ့လား ။
ဟိုလူကရော .. သူမနောက်ကလိုက်နေတဲ့သူကရော ..။

"မလိုက်ဘူး မလိုက်နိုင်ဘူး .."

အကျယ်ကြီးအော်ပြီး ထိုလူနဲ့ ဆန့်ကျင်ဘက်ဆီကိုပါ သူမပြေးရတယ် ..။
သူမခန္ဓာကိုယ်က ပိုလို့ပေါ့ပါးလာသလိုပဲ ..။
ပိုပြေးလေ .. ခရီးပိုရောက်လေ ...။

The Midnight Bar (Completed)Where stories live. Discover now