ရှန်ဟိုင်းမြို့လယ်ခေါင်က သိပ်စည်ကားတယ် ..။
ညကိုးနာရီဆိုတဲ့အချိန်မှာတောင် လူတွေဟာ ပျားပန်းခတ်မျှ လျှောက်သွားနေဆဲ ..။စီးလာတဲ့ ကားအနက်ကို club နားတစ်နေရာရာမှာ parking ထိုးရပ်နေရင်း ဘေးကနေ ဆိုင်ကယ်အစိမ်းရောင်က ပွတ်ဆွဲသွားတဲ့အခါ ထျန်းကျွင်းက ဒေါသပုံထရပါတယ် ..။
ရဲမှူးချုပ်ရဲ့ကားကိုများ မခန့်လေးစား !
"ဟေ့ကောင် ..."
ဆိုင်ကယ်ဦးထုပ်အစိမ်းကို ချွတ်လိုက်တဲ့အခါ ပေါ်လာတဲ့ မျက်နှာ ဖြူအုအုကလေးက တကယ်ချစ်စရာလေး ..။
"အာ .. ဆောရီး .."
နားကွင်းတွဲလဲကလေးရယ် ..
နားသယ်စပ်က ဆံထောက်ရှည်ကွေးကွေးကလေးရယ် ..
ခေါက်တင်ထားတဲ့အင်္ကျီလက်ကြောင့် ထင်ရှားနေတဲ့ သွေးကြောတွေရယ် ...အား ... အောက်ကို လှဲသိပ်ပစ်ချင်စရာလေး ..!
"မင်း ... ဘယ်ကလဲ .."
"ကျွန်တော်လား ..? ဒီ club ကလေ .."
ကိုယ့်ကိုယ်ကို လက်ညိုးပြန်ထိုးပြီးမေးနေတာလေးကလည်း ချစ်စရာလေး ..
လွန်ခဲ့တဲ့နှစ်ရက်လောက်က လမ်းမှာဝေနေတဲ့ club ကြော်ငြာလက်ကမ်းစာစောင်လေးကို ယူလာပေးတဲ့ သူ့တပည့်ကို တကယ်ကျေးဇူးတင်ရမယ် ...။
ဒီလို club သေးသေးထဲမှာ ထျန်းကျွင်းက ဒီလိုကောင်လေးကို တွေ့မယ်လို့ ထင်မထားခဲ့ ..။"ဟုတ်လား .. ဘာလုပ်တာလဲ ..."
"bartender "
"Oh GOD ! မင်းလေးက bartender လေးလား .."
ထျန်းကျွင်းဆိုတဲ့သူက ရုတ်တရက်ကြည့်လိုက်ရင် သက်လတ်ပိုင်းအရွယ်နဲ့ ခန့်ချောကြီးလိုပုံစံပေမယ့် ...
YOU ARE READING
The Midnight Bar (Completed)
FanfictionNothing much .. Just ZhanYi , alcohol and flirty words ...