ဝမ်ရိပေါ်က လူတစ်ဝက် ကျန်တစ်ဝက်က ဘာမှန်းမသိဘူး ..။
ပြီးတော့သူက immortal ...။
ဘာလို့ဆို သူ့ကျန်တဲ့ တစ်ဝက်က အရှေ့မှာထိုင်နေတဲ့ ရှောင်းကျန့်ဆီက ဘာစွမ်းအားတွေမှန်းမသိ ရထားတာ ။
နဂိုတည်းက ဝမ်ရိပေါ်ဟာ သရဲ မကောင်းဆိုးဝါး စတာတွေကို သေသေချာချာမြင်နိုင်တဲ့ကောင်လေး ။လူမှန်းသိတတ်စအရွယ်မှာ အဖေဆုံးတယ် ။
အမေကလည်း မကောင်းဆိုးဝါးတစ်ကောင်ရဲ့လက်ချက်ကြောင့် အသက်ပျောက်သွားခဲ့ရတဲ့အချိန် လမ်းပေါ်မှာ ဝတ်ရုံအမည်းနဲ့ ကားယားကားယားလျှောက်သွားနေတဲ့ အကိုကြီးတစ်ယောက်နဲ့တွေ့တာပဲ ..။အဲ့အကိုကြီးက ချောပေမယ့် ကြောင်တောင်တောင်နိုင်တယ်လို့ အသက် ၂၁ နှစ်အရွယ် ဝမ်ရိပေါ်ကတွေးတယ် ။
"အကိုက ဘာကြီးလဲ" လို့မေးတဲ့အခါ ..
"ဘာကြီးမှန်းတော့မသိဘူး တစ်ခုခုတော့ တစ်ခုခုပဲ" လို့ပြန်ဖြေတဲ့အခါ သူတကယ်ဦးနှောက်မရှိဘူးလို့ ရိပေါ်ထင်တာပဲ ..
တကယ်လည်း ဦးနှောက်ဘယ်ရှိမလဲလေနော် ..
ဒီလူဟာ အသက်ရှိတော့တာမှမဟုတ်တာ ..။နောက်တော့ သူ့အမေကို ဝိဉာဉ်မှားနှုတ်ပစ်တဲ့ မကောင်းဆိုးဝါးကို ရှာမယ်လုပ်တော့ အကိုကြီးက ကူညီတဲ့အနေနဲ့ သူ့အစွမ်းတစ်ဝက် ရိပေါ်ကိုပေးတယ် ..။
ရိပေါ်ကတော့ ပျော်ပျော်ကြီး လက်ခံလိုက်ပြီးမှ သိတာ ...
အပေးအနေနဲ့ အဲ့အကိုကြီးက သူ့စွမ်းအားတွေထဲက တချို့ကို သူ့ကိုပေးပါ့မယ်တဲ့ ..
အယူအနေနဲ့ကတော့ သူက ရိပေါ်ကို ယူပါမယ်တဲ့လေ ..။~~~~~~
"ပိုင်ဆိုင်မှုစာရင်းလာကောက်တာဆိုရင်တော့ ခင်ဗျားပြန်လိုက်တော့ .."
"အသည်းကလည်း .. လာတဲ့ဧည့်သည် ဧည့်မခံပဲပြန်ခိုင်းတော့မလို့လား ..အသည်းသောက်နေတဲ့ဟာ ကောင်းလား ... ကိုယ်မြည်းကြည့်ချင်တယ်"
"တစ်ငုံမြည်း ယွမ်နှစ်ဆယ် .."
"တစ်ခါနမ်းရင် ဘယ်လောက်လဲ .."
တပ်ထားတဲ့ နားဆွဲလေး သုံးခုက တစ်ပြိုင်နက်တည်း လှုပ်ခတ်သွားတယ် ..။
YOU ARE READING
The Midnight Bar (Completed)
FanfictionNothing much .. Just ZhanYi , alcohol and flirty words ...