3 (U)

4.3K 593 16
                                    

သေမင်းတမန် ..
Grim reaper ...

ရှောင်းကျန့်ဟာ အပြစ်တစ်ခုကို ကျူးလွန်ခဲ့တယ် ..။
အဲ့အပြစ်ဟာ ဘာမှန်းသူကိုယ်တိုင်တောင် မမှတ်မိတော့ဘူး ..။
ပြစ်ဒဏ်ဟာကြီးလေးလွန်းလို့ အနှစ်တစ်ထောင်တိတိ သေမင်းတမန်အနေနဲ့ ဆက်တိုက်တည်ရှိနေရမယ် ..။
သူကျူးလွန်ခဲ့တဲ့အပြစ်ကို ကာယကံရှင်က ခွင့်လွှတ်ပါတယ်ဆိုတဲ့ စကားပြောမှသာ သူဟာကျွတ်လွတ်တော့မှာ ..။

ခက်တာက God က သူ့မှတ်ဥာဏ်ကိုဖျောက်ထားခဲ့တာပဲ ..။
သူသိသလောက် သူသေမင်းတမန်စဖြစ်တဲ့အချိန်ကိုပဲ မှတ်မိတယ် ..။
အဲ့အချိန်မှာပဲ ရိပေါ်နဲ့စတွေ့ပြီး ..
ရိပေါ်ကို ကူညီဖို့သူဆုံးဖြတ်လိုက်ပါတယ် ..။

                             ~~~~~~~

"ဒါအအေးဆိုင်မဟုတ်ဘူး ညီမလေးရဲ့ .."

ပေရေနေတဲ့ ကျောင်းဝတ်စုံ ..
ပွယောင်းနေတဲ့ ဆံပင်နဲ့ ကလေးမလေးက ရိပေါ်ကိုကြည့်ပြီး "ရေဆာလို့ပါ" လို့ ခပ်တိုးတိုးပြောရှာတယ် ။

"ရေဆာတာရှိသေးလား ရှောင်းကျန့် ဝိဉာဉ်ကလေ .."

ခပ်လှမ်းလှမ်းကနေ ရှောင်းကျန့်က ကလေးမလေးကို စူးစူးစမ်းစမ်းကြည့်ပြီး ဒီဘက်ကိုလျှောက်လာတော့ ကလေးမလေးက ရိပေါ်နောက်ကို တဖြည်းဖြည်းတိုးလာတယ် ..။

"တကယ် သေပြီဆိုရင် ရေဆာတာမရှိတော့ဘူး .. သေစာရင်းက မနေ့ကထွက်လာပြီးပြီမဟုတ်လား ကလေးမလေး .. အကိုခေါ်တာ မလိုက်ပဲ ထွက်ပြေးသွားတယ်လေ .."

"ညီမ .. ညီမ မသေသေးပါဘူး အပိုတွေမပြောနဲ့ .."

"အင်း .. မသေသေးဘူးလေ .."

ရှောင်းကျန့်က လေးလေးနက်နက်ဆက်ပြောတယ် ..။

"အာရုံငါးပါးက သေပြီးရင် ရှိမှမရှိတော့တာ အခုမြောနေတာနေမယ် .."

"ရေသောက်ချင်ရင် ရေတိုက်မယ် .. ရှောင်းကျန့် ရေထယူ .."

"အသည်းက ကိုယ့်ပဲခိုင်းနေတော့မှာလား .."

"ယူပေးရင် တစ်ခါနမ်းကြေး .."

ဆတ်ကနဲထလာပြီး ရိပေါ်ရဲ့ အိနေတဲ့ပါးထဲကို သူ့နှာဖျားချွန်ချွန်နှစ်လို့ မနက်ခင်းကို အနမ်းနဲ့စပါတယ် ..။
ရှေ့က ကလေးမလေးကတော့ အာရုံစိုက်မိပုံတောင်မပေါ် ..။

The Midnight Bar (Completed)Where stories live. Discover now